မြန်မာနိုင်ငံတွင် ဆီထွက်မုန်ညင်းပန်းနှင့် ကြုံတွေ့ခြင်း

2022-02-28 13:27:05 |သတင်းအရင်းအမြစ် 《吉祥》杂志

ယခုရက်ပိုင်းတွင် ကျွန်မ၏လူမှုကွန်ရက်စာမျက်နှာတွင် မြန်မာသူငယ်ချင်းများ၏ ရွှေဝါရောင် ဆီထွက်မုန်ညင်းပန်းပင်လယ် ဓာတ်ပုံများနှင့် ပြည့်နေပါသည်။ ယခုပဲ မြန်မာနိုင်ငံ၏ စိတ်ကြည်နူးဖွယ် ရွှေဝါရောင်ရှုခင်းကို အွန်လိုင်းမှတစ်ဆင့် အတူတကွ သွားကြည့်ကြပါစို့။

ဆီထွက်မုန်ညင်းပန်းသည် အအေးကြိုက်ပြီး အအေးဒဏ်ကို ခံနိုင်ရည်အားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏ ဆောင်းရာသီ အအေးဓာတ်ကဲသော ဒေသများဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆီထွက်မုန်ညင်းပန်းများ ပေါက်လေ့ရှိသည်။ နှစ်စဉ် ဇန်နဝါရီလမှ မတ်လအထိ မြန်မာနိုင်ငံတွင် ဆောင်းရာသီ ဖြစ်၍ ဆီထွက်မုန်ညင်းပန်းများ ကောင်းစွာရှင်သန်ကြသော အချိန်ကာလလည်း ဖြစ်၏။

ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများ၏ အလှဆင်မှုအောက်တွင် ကျယ်ပြန့်သော ရွှေဝါရောင် ဆီထွက်မုန်ညင်းပန်းခင်းသည် စိတ်ကြည်နူးဖွယ်ကောင်းလှပြီး ဒဏ္ဍာရီနယ်မြေကဲ့သို့ပင် ဖြစ်‌ပေသည်။

မနန်းအေးအေးခမ်းသည် ကချင်ပြည်နယ် ပင်းဟဲကျေးရွာတွင် နေထိုင်သည်။ ဖေဖော်ဝါရီလဆန်းပိုင်း ရွာ၌ ဆီထွက်မုန်ညင်းပန်းများ ပွင့်နေချိန်တွင် မနန်းအေးအေးခမ်းသည် ကင်မရာတစ်လုံးကို ယူဆောင်ကာ သူငယ်ချင်းနှင့်အတူ ဆီထွက်မုန်ညင်းပန်းခင်းကို သွားပြီး ပန်းများ ကြည့်ရှုကာ ဓာတ်ပုံများ ရိုက်ကြသည်။ “ဆီထွက်မုန်ညင်းပန်းတွေဟာ နေရောင်ခြည်လိုပဲ၊ မျှော်လင့်ချက်ကို ကိုယ်စားပြုပြီး အရမ်းလှတယ်လေ”ဟု မနန်းအေးအေးခမ်းသည် စိတ်လှုပ်ရှားစွာ ပြောသည်။

“ရွှေရောင်စိုက်ခင်းအလယ်မှာ ရပ်နေရင်း လေပူပူတိုက်လာချိန်မှာ ချက်ချင်း လန်းဆန်းသွားသလို ခံစားရတယ်”ဟု မဇင်မာဖြိုး၏ မျက်နှာတွင် ရွှင်မြူးသော အပြုံးတစ်ခု ပေါ်လာကာ ပြောသည်။

အလှကြည့်ရှုခြင်းတန်ဖိုးရှိသည့်အပြင် ဆီထွက်မုန်ညင်းပန်းများသည် စားသုံးနိုင်သော တန်ဖိုးလည်း ရှိပါသည်။ “မြန်မာ့စွယ်စုံကျမ်း”တွင် မှတ်တမ်းများအရ ဆီထွက်မုန်ညင်းပန်း၏ အစေ့များသည် ဆီပါဝင်မှု မြင့်မားပြီး ဆီထုတ်ရန်အတွက် ကုန်ကြမ်းအဖြစ် အသုံးပြုလေ့ရှိကြသည်။ ထို့ပြင် ဆီထွက်မုန်ညင်းပန်းများရှိ ကြွယ်ဝသော ဗီတာမင်ဓာတ်သည် အရေပြားကို စိုပြေစေရုံသာမက ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။