တယ်ဟုန်ပြည်နယ်ခွဲ လျန်ဟောခရိုင်သည် ရှည်လျားသော သမိုင်းရှိပြီး ရှေးခေတ်က နန်စုံဟု လူသိများပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ကမ္ဘာ့နာမည်ကျော်ကြားသော “တောင်ပိုင်းဒေသ ကုန်းတွင်း ပိုးလမ်းမကြီး”ကို ဖြတ်ကျော်ရန် တစ်ခုတည်းသောနေရာတစ်ခု ဖြစ်ပေသည်။
၂၀၀၆ ခုနှစ်တွင် လျန်ဟောခရိုင်ကို “ဟူလူစ်ပြွေလေမှုတ်တူရိယာမွေးရပ်မြေ”ဟု အမည်ပေး ခေါ်တွင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်ယဥ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာနမှ “တရုတ်ရိုးရာ ယဥ်ကျေးမှုနှင့် အနုပညာကျေးရွာ”ဟု ချီးမြှင့်ပေးခဲ့ပါသည်။ ၂၀၁၄ ခုနှစ် “ဟူလူစ်ပြွေလေမှုတ်တူရိယာ”မှာ အမျိုးသားပထဝီဝင်သင်္ကေတကာကွယ်မှုထုတ်ကုန် တီးမှုတ်တူရိယာအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါသည်။
ဟူလူစ်ပြွေလေမှုတ်တူရိယာတီးမှုတ်ခြင်းအား ခံစားနိုင်သည့်အပြင် နန်တျန်ရွမ်ဟူရှေးဟောင်း အတွင်းရေးမှူးရုံ၊ ရှန်ယူဘုရားကျောင်း၊ မွန်တင့် ရွှေတိဂုံစေတီ၊ လုံဝေါ် ရေပူစမ်းနှင့် နန်တျန်ဘန်စန် ရေပူစမ်းတို့မှာလည်း လျန်ဟောခရိုင်တွင် လေ့လာကြည့်ရှုရန် အကောင်းဆုံးရွေးချယ်ရာ နေရာများ ဖြစ်ပေသည်။
( အရင်းအမြစ်၊ တယ်ဟုန်ပြည်နယ်ခွဲပြန်ကြားရေးဌာန။ ဘာသာပြန်၊ Yunnan gateway)