မန်စီမြို့ ရွှမ်ကန်ကျေးရွာရှိ လယ်ကွင်း၌ ထူးခြားသောပွဲတော်တစ်ခု ကျင်းပခဲ့

2022-03-15 19:00:57 |သတင်းအရင်းအမြစ် 微美芒市

အာလူးမြည်းစမ်းသုံးဆောင်ခြင်း၊ အာလူးနှင့် စပ်လျဥ်းသော အကြောင်းအရာများ ဆွေးနွေးခြင်း၊ အာလူးရောင်းချခြင်းတို့ဖြင့် ယခုရက်ပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ ရွှမ်ကန်ကျေးရွာသည် ပြည်နယ်ခွဲအတွင်းရှိ အစိုးရဌာနများ၊ ခရီးသွားလုပ်ငန်းအဖွဲ့များနှင့် E-commerce လုပ်ငန်းအဖွဲ့များ ပူးပေါင်းကာ “အာလူးမြည်းစမ်းပွဲတွင် တိုင်လူမျိုး၏ ဟင်းလျာမွှေးနံ့သာ ရှာဖွေ”ဟူသော အာလူးပွဲတော်၏ အွန်လိုင်းမိတ်ဆက်ခြင်းလှုပ်ရှားမှုကို ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုတွင် အာလူးတူးပြိုင်ပွဲ၊ အာလူးဟင်းချက်ပြိုင်ပွဲ၊ အာလူးများ စေတနာအလျောက် ဝယ်ယူမှု၊ တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် ရောင်းဝယ်ခြင်း၊ ကျေးရွာခရီးသွားလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲစသည့် အစီအစဥ်များ စီမံပြုလုပ်သည့်အတွက် အဆိုပါပွဲတော်နေ့ထူးနေ့မြတ်၌ ရွှမ်ကန်အာလူးသည် ရေပန်းစားခဲ့ပါသည်။

“ဒီလှုပ်ရှားမှုက ရွှမ်ကန်အာလူးရဲ့ နာမည် အမှတ်တံဆိပ်နဲ့ ရောင်းအားတိုးချဲ့ မြှင့်တင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ။ တောင်သူတွေအတွက် ရောင်းချမှုနည်းလမ်း တိုးချဲ့နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူထုတို့ရဲ့ ဝင်ငွေ တိုးများစေဖို့ တွန်းအားပေး ဆောင်ရွက်ပါတယ်”ဟု ရွှမ်ကန်ကျေးရွာမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောဆိုခဲ့ပါသည်။

( အရင်းအမြစ်၊ “သာယာလှပသော မန်စီ”WeChat အကောင့် ။ ဘာသာပြန်၊ Yunnan gateway)