စွန့်ပစ် ပစ္စည်း ၃ သောင်းခန့်ဖြင့် မီတာ ၁၀၀ ကျော်ရှိ ပန်းချီကားနံရံပြုလုပ်

2022-03-17 10:26:03 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် အရှည် မီတာ ၁၀၀ ကျော်ရှိ “မျက်စိတဆုံးရှိ စိမ်းလန်းစိုပြေသော တောင်တန်း” ဟူသော ပန်းချီကားနံရံကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြသခဲ့သည်။ ၎င်းပန်းချီကားနံရံသည် စွန့်ပစ်လိုက်သော ပလတ်စတစ်ဗူး၊ ပလတ်စတစ်အဖုံး၊ အိမ်သုံးလျှပ်စစ်ပစ္စည်း ဘူးခွံ စသည့် စွန့်ပစ်ပစ္စည်း ၃ သောင်းခန့်ဖြင့် ဖွဲ့စည်းဖန်တီးခဲ့ခြင်းဖြစ်ပြီး ပန်းချီကားတွင် တရုတ်ပြည်တွင်းရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အမှတ် တံဆိပ်လည်း ပါဝင်သည်။

(အရင်းအမြစ်၊ Xinhua၊ ဘာသာပြန်၊ Yunnan gateway)