တယ်ဟုန်ပြည်နယ်ခွဲ ဂျိမ်းဖောတိုင်းရင်းသားအမျိုးသားတစ်ဦးသည် တေးသံဖြင့် ကမ္ဘာကို တောက်ပစေခဲ့

2022-03-18 17:51:02 |သတင်းအရင်းအမြစ် 德宏传媒集团

ဟော်လဲတူသည် ၁၉၈၀ ပြည့်နှစ်တွင် မန်စီမြို့ ရှီစန်းကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ အဆိုပါကျေးရွာတွင် နေထိုင်သူ၏ ၉၀ ရာခိုင်နှုန်းတို့သည် ဂျိမ်းဖောတိုင်းရင်းသားလူမျိုးများ ဖြစ်ပြီး အဆိုအက တတ်ကျွမ်းကြပါသည်။ ဟော်လဲတူသည်လည်း ငယ်စဉ်ကတည်းကပင် ဂီတအပေါ် ဝါသနာအရင်းခံ ချစ်မြတ်နိုးပါသည်။

သို့သော်လည်း ကံမကောင်းသည်မှာ အသက် ၇ နှစ်အရွယ်တွင် ဟော်လဲတူသည် အဖျားကြောင့် မျက်စိကွယ်ခဲ့ပါသည်။ ထမင်းချက်ခြင်း၊ ရေသယ်ခြင်း၊ လက်ဖက်ခူးခြင်း၊ ထင်းခုတ်ခြင်းစသဖြင့် သူ့ အသက် ၁၃ နှစ်အရွယ်တွင် သူသည် မိမိကိုယ်ကို အားကိုးလာကာ "အမှောင်" နှင့်တဖြည်းဖြည်း နေသားကျ အဆင်ပြေလာပါသည်။

ထိုစဉ်ကတည်းက ဂီတအပေါ် ဝါသနာအရင်းခံ ချစ်မြတ်နိုးထားသည့် ဟော်လဲတူသည် အသံဖမ်းစက် ရှိသော ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ နေအိမ်သို့ သွားရောက်ကာ သီချင်း နားထောင်ခဲ့ပါသည်။ “ကျွန်တော် ကိုယ်ပိုင် အသံဖမ်းစက်တစ်ခု ရှိချင်ပါတယ်”ဟု မိမိနားဖြင့် ကမ္ဘာကို ခံစားလေ့ရှိသော ဟော်လဲတူက ပြောပါသည်။

၁၉၉၆ ခုနှစ်တွင်ပင် ဟော်လဲတူ၏ အစ်ကိုကြီးသည် သူ့အတွက် အသံဖမ်းစက်တစ်ခု ဝယ်ယူပေးခဲ့ပါသည်။ ယင်းအသံဖမ်းစက်ကြောင့် သူသည် တစ်ကိုယ်တည်း အထီးကျန်ဖြစ်ခြင်းကို မခံစားရတော့ဘဲ သူ၏ဘဝသည် "အလင်းရောင်" ဖြင့် လင်းလက်လာခဲ့ပါသည်။

နောက်ထပ် အနှစ် ၂၀ ကျော်အတွင်း ဟော်လဲတူသည် တေးဂီတနှင့်အတူ နေခဲ့ပါသည်။ အစပိုင်းတွင် သူသည် ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဖျော်ဖြေတင်ဆက်လေ့ရှိပါသည်။ နောက်ပိုင်းတွင် သူသည် ၇ နှစ်ကြာ မျက်မမြင်များ နှိပ်နယ်ခြင်းအလုပ်ကို လုပ်ကိုင်ခဲ့ပါသည်။ အားလပ်ချိန်တွင် သူသည် ဂစ်တာ၊ ဟူလစ်ပြွေလေမှုတ်တူရိယာ၊ ပုလွေအစရှိသည့် ဂီတတူရိယာများ စူးစမ်းလေ့လာသင်ယူခဲ့ပါသည်။

ဟော်လဲတူသည် ၂၀၂၁ ခုနှစ်တွင် သူငယ်ချင်းတစ်ဦးနှင့် သီချင်းများကို ပူးပေါင်း ရေးဖွဲ့ဖန်တီးပြီး သူ၏ Tik Tok အကောင့်တွင် ထုတ်လွှင့်လိုက်ပါသည်။ အဆိုပါသီချင်း တစ်ပုဒ်စီ၏ ထုတ်လွှင့်မှုတွင် ကြည့်ရှုသူ ၁ သိန်းအထက် ရှိလာပါသည်။ “မနှစ်က မတ်လမှာ ကျွန်တော် Tik Tok မှာ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ နေ့စဥ်ဝင်ငွေ တရုတ်ယွမ် ၁၀၀၀ ကျော်ရှိခဲ့ပါတယ်”ဟု ဟော်လဲတူက ပြောပါသည်။ သာမန်လူအတွက် Tik Tok သည် အပန်းဖြေရန် နည်းလမ်းတစ်မျိုးသာ ဖြစ်ပြီး သူ့အတွက်မှာ အသက်မွေးဝမ်းကျောင်း နည်းလမ်းတစ်မျိုးဖြစ်သကဲ့သို့ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန်နှင့် သူငယ်ချင်းအသစ်များ မိတ်ဖွဲ့ရန် နည်းလမ်းအသစ်လည်း ဖြစ်ကြောင်း သူက ဆက်လက် ပြောပါသည်။

“သီချင်းသီဆိုရာမှာ အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်ရာမှာ မိမိကိုယ်ကို တကယ် ရှာဖွေတွေ့ခဲ့ပါတယ်။” တစ်နှစ်နီးပါး ကြိုးပမ်းပြီးနောက် ဟော်လဲတူ၏ Tik Tok အကောင့်တွင် ပရိသတ် ၁၆၀၀၀ ရှိလာပြီး သူသည်လည်း ဒေသတွင်းတေးဂီတ ဆယ်လီ တစ်ဦး ဖြစ်လာပါတော့သည်။
( အရင်းအမြစ်၊ တယ်ဟုန်ပြည်နယ်ခွဲမီဒီယာ Group။ ဘာသာပြန်၊ Yunnan gateway)