တယ်ဟုန်ပြည်နယ်ခွဲ ရှီးမီဝတီတွင် ရာသီလေးပါး၏ အလှတရား ရှာဖွေရှုစားကြစို့

2022-03-22 19:12:33 |သတင်းအရင်းအမြစ် 盈江县融媒体中心

 

ရှီးမီဝတီမှာ လီဆူးတိုင်းရင်းသားစကားဖြစ်ပြီး “သာယာလှပသော ဟွမ်ချောင်ပါ(Huang Cao Ba)”ဟု ဆိုလိုပါသည်။ တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်းခရိုင် စူတျန့် လီဆူးတိုင်းရင်းသားကျေးရွာတွင် တည်ရှိပါသည်။ ဤနေရာတွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀ ခန့်၌ တည်ရှိပြီး သဘာဝမြက်ခင်းပြင် တရုတ်ဧက ၂၀၀၀ ကျော် (တစ်တရုတ်ဧကသည် ၀.၀၆၇ ဟက်တာနှင့် ညီမျှသည်။) ပိုင်ဆိုင်သည်။ ၎င်း၏ ပတ်ဝန်းကျင်နေရာတွင် တောင်ကုန်းများဖြင့် ဝန်းရံထားပြီး မြစ်တစ်စင်း ဖြတ်သန်းသွားကာ နှစ်ဖက်စလုံးတွင် ရာစုနှစ်များစွာ သက်တမ်းရှိ ရှင်သန်လျက်ရှိသော ရှေးဟောင်း သစ်ပင်များ တည်ရှိနေပါသည်။

တစ်နှစ်ပတ်လုံး ရာသီလေးပါးတွင် ရှီးမီဝတီတွင် မတူညီသော ရှုခင်းသာများ ရှုစားနိုင်ပါသည်။ မြင့်မားသောအမြင့်နှင့် ပူနွေးစိုစွတ်သောလေစီးကြောင်းကြောင့် ဤနေရာမှာ တစ်မူထူးခြားသော ရာသီဥတု ဖြစ်ပေါ်လာစေပါသည်။ နေ့စဥ်နေ့တိုင်း ရှီးမီဝတီ၏ ဆန်းတင့်ဝေဆာလှမှုကို လက်တွေ့ခံစား နိုင်ပါသည်။

( အရင်းအမြစ်၊ ရင်ကျန်းခရိုင် မီဒီယာစင်တာ။ ဘာသာပြန်၊ Yunnan gateway)