တရုတ်-မြန်မာ နယ်စပ်ဒေသမှ တိုင်တိုင်းရင်းသား ရှေးဟောင်းမဲနယ်ဆိုးခြင်း လက်မှုပညာ ဆက်ခံသူများ

2022-03-25 17:33:45 |သတင်းအရင်းအမြစ် 芒市融媒体中心

ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့၏ တိုင်တိုင်းရင်းသားလူမျိုးတို့သည် ယနေ့ထိ နှစ်ပေါင်းရာနှင့်ချီသော သမိုင်းကြောင်းရှိသည့် ရှေးဟောင်းရက်ကန်းလက်မှုပညာများဖြစ်သော“ရက်ကန်းခတ်ခြင်း”နှင့် " မဲနယ် ဆိုးခြင်း" ပညာရပ်ကို လက်ဆင့်ကမ်းပြီး ဆက်ခံလျက် ရှိနေကြပါသည်။

“ကျွန်မ ငယ်ငယ်လေးကတည်းက မေမေက ကျွန်မကို ရက်ကန်းလက်မှုပညာ သင်ပေးခဲ့တယ်။ အခုဆိုရင် ရက်ကန်းခတ်တဲ့ လုပ်ငန်းစဉ်များစွာကို တတ်ကျွမ်းနေပါပြီ။” မန်စီမြို့ မန်ဟော် ကျေးရွာ၌ နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ရှိ လန်ထျန်ကော်သည် ရက်ကန်းစင်ရှေ့တွင် ထိုင်ကာ ခြေနှစ်ချောင်းဖြင့် ခြေနင်းကို အလှည့်ကျ နင်းနေပါသည်။ တိုင်တိုင်းရင်းသားလူမျိုးတို့သည် အဆိုပါရိုးရာရက်ကန်း လက်မှုပညာဖြင့် ပုံသဏ္ဌာန် မတူညီသော အထည်ကြမ်းများ ရက်လုပ်နိုင်ကြောင်း၊ ဆင်စွယ်ရောင် အထည်ကြမ်းများ ရက်လုပ်ပြီးမှ မဲနယ်ဆိုးနိုင်ကြောင်း သူမက မိတ်ဆက်ပြောကြားပါသည်။

မဲနယ်ဆိုးခြင်းမှာ တိုင်တိုင်းရင်းသားလူမျိုးတို့၏ ထူးခြားမှုအရှိဆုံးသော ရိုးရာလက်မှုပညာတစ်မျိုး ဖြစ်ပေသည်။ ယခင်တုန်းက တိုင်တိုင်းရင်းသားလူမျိုးတို့ မိမိ ရက်လုပ်သော အထည်ကြမ်းအား မဲနယ်ဆိုးသည့်အပြင် ဟန့်၊ တယ်အောင်၊ ဂျိမ်းဖောစသည့် ညီအစ်ကို တိုင်းရင်းသားလူမျိုးတို့မှ ရက်လုပ်သော အထည်ကြမ်းများအား မဲနယ်ဆိုးပေးပါသည်။

ရှယ်ကန်ကျေးရွာအုပ်စု လာခါးရွာမှ အသက် ၇၉ နှစ်အရွယ် သက်ကြီး လီမွန်သည် မန်စီမြို့၏ အနည်းငယ်ရှိပြီး လူသိများသော တိုင်တိုင်းရင်းသား ရှေးဟောင်း မဲနယ်ဆိုးခြင်းလက်မှုပညာ ဆက်ခံသူတစ်ဦး ဖြစ်ပါသည်။ သူမ အသက် ၁၇၊ ၁၈ နှစ်အရွယ်တွင်မူ မိမိ၏ အဖွားထံမှ မဲနယ်ဆိုးခြင်းလက်မှုပညာကို သင်ယူလေ့လာခဲ့ရာ ဆေးဆိုးနည်းစနစ်များအား အလွန် တတ်ကျွမ်းပါသည်။

“အထည်တွေ ဆေးဆိုးတာ နှစ်အတော်ကြာပြီ။ ကျွန်မ အလွန် ကြိုက်ပါတယ်။ အရင်တုန်းက ဆေးဆိုးနေရတဲ့အတွက် ကျွန်မ သားသမီး စောင့်ရှောက်ဖို့အချိန်နဲ့ ထမင်းချက်ပြုတ်ဖို့အချိန်တောင် မပေးနိုင်ခဲ့ဘူး။ ပတ်ဝန်းကျင်ကလူတွေက အထည်ဆေးဆိုးဖို့ ကျွန်မကို လာရှာခဲ့ကြတယ်။ ဒီဆေးဆိုးလက်မှုပညာ သင်ယူချင်တဲ့လူရှိရင် ကျွန်မ အခကြေးငွေမယူဘဲ အခမဲ့သင်ပေးချင်ပါတယ်”ဟု လီမွန်က ပြောပါသည်။

( အရင်းအမြစ်၊ မန်စီမြို့မီဒီယာစင်တာ။ ဘာသာပြန်၊ Yunnan gateway)