မိုလီမိုးသစ်တောတွင် အရာအားလုံးသည် သာယာလှပ၏

2022-03-29 18:43:23 |သတင်းအရင်းအမြစ် 云南日报

တိုင်တိုင်းရင်းသားလူမျိုး၏ ဘာသာစကားတွင် “မိုလီ”ဆိုလိုသည်မှာ “သာယာလှပသော ရေတံခွန်”ဟု အဓိပ္ပာယ်ဆောင်ပါသည်။ မိုလီမိုးသစ်တောရှုခင်းသာဇုန်သည် မန်စီမြို့၊ ရွှေလီမြို့နှင့် လုံချွမ်းခရိုင်တို့ ဆက်စပ်ရာနေရာ၏ ရွှေလီမြို့ဘက်တွင် တည်ရှိကာ ရွှေဝမ်တံတား၏ အရှေ့မြောက်ဘက်နှင့် ၅ ကီလိုမီတာခန့် ကွာဝေးသည်။ စမ်းချောင်း၏ မြစ်ဖျားခံရာနေရာသို့ လိုက်လံလေ့လာကြည့်ခြင်းအားဖြင့် အဆိုပါမိုးသစ်တော အဘယ်ကြောင့် နာမည်ရလာသည်ကို သင်တွေ့မြင်နိုင်မည်ဖြစ်သည်။ မိုလီလျှိုမြောင်၏ သစ်တောလွှမ်းခြုံမှုနှုန်းမှာ ၉၆ ရာခိုင်နှုန်းအထက် ရှိပြီး ရုက္ခပင်အမျိုးပေါင်း ၁၅၄၀၊ ပန်းမန်အမျိုးပေါင်း ၄၇၉ နှင့် တရုတ်နိုင်ငံမှ ကာကွယ်ထားသော ရှားပါးမျိုးစိတ် တစ်ဒါဇင်ကျော်တို့သည် ဤနေရာတွင် အသီးသီး ရှင်သန်လျက်ရှိပါသည်။

၂၀၀၆ ခုနှစ် ဇွန်လတွင် မိုလီမိုးသစ်တောရှုခင်းသာဇုန်အား တရုတ်နိုင်ငံ၏ အမျိုးသား AAAA အဆင့် ခရီးသွားရှုခင်းသာဇုန်အဖြစ် သတ်မှတ်ခဲ့သည်။

(အရင်းအမြစ်၊ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန်၊ Yunnan gateway)