တျမ်အင်းဘေးက ရှေးဟောင်းအိမ်များကို ကယ်တင်

2022-04-08 19:20:24 |သတင်းအရင်းအမြစ် 新华网

တျမ်အင်းအရှေ့တောင်ဘက်ကမ်းရှိ ကူမင်းမြို့ ကျင့်နင်မြို့နယ် ဖူအမ်းရွာသည် မင်းခေတ်ကတည်းက ရှိနေခဲ့သော ရှေးဟောင်းကျေးရွာ ဖြစ်ပါသည်။ အပြာရောင်ကျောက်ပြားလမ်းမှာ ပွတ်တိုက်မှုများသောကြောင့် ပြောင်လက်နေသည်။ လမ်းဘေးတွင်စိုက်ထားသော ပန်းကလေးများလည်း ဖူးပွင့်နေသည်။ “တံဆိပ်တစ်ခု” ရှေးဟောင်းအိမ်၊ ရိုးရာမြေအိမ်များသည် အုတ်နီအဆောက်အဦးများကြားတွင် ရှိနေပါသည်။ ရှေးဟောင်းအပင်၊ ရှေးဟောင်းလမ်းကြား၊ ရှေးဟောင်းဘုရားကျောင်း၊ ရှေးဟောင်းရေတွင်းများသည် ဤကျေးရွာ၏အတိတ်ကို ဖော်ြပလျက် ရှိပါသည်။

အစောပိုင်းနှစ်များတွင် ပန်းမန်၊ အသီးအနှံများ စိုက်ပျိုးရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်လာသောကြောင့် ချမ်းသာလာကြသော ရွာသူရွာသားများသည် အိမ်ဟောင်းများမှ ဖြည်းဖြည်းချင်းပြောင်းရွေ့သွားကြပြီး နှစ်ထပ်သုံးထပ်ဖြစ်သော အုတ်နီတိုက်များကို ဆောက်လာကြသည်။ တစ်ချို့သူသည် မြေနေရာလိုအပ်သောကြောင့် အိမ်အဟောင်းကို ဖြိုဖျက်ပြီး အိမ်သစ်ဆောက်ရန် ရည်ရွယ်လာကြသည်။ တစ်ချို့ရှေးဟောင်းအိမ်များမှာ နှစ်ကြာရှည် ပြုပြင်မွမ်းမံမှုမရှိသောကြောင့် ကျေးရွာဖွံ့ဖြိုးတိုးတက်မှု၏ “တန်ဖိုးမရှိသော”ပစ္စည်းများ ဖြစ်လာခဲ့ပါတော့သည်။

(၂၀၁၉)ခုနှစ်မှစပြီး တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ် ကျွမ်းကျင်ပညာရှင်များ၏ ညွှန်ကြားချက်ဖြင့် ဖူအမ်းရွာသည် ရွာ၏အသွင်အပြင်ကို ရှေးဦးစွာပြုပြင်ခဲ့သည်။ ရှေးဟောင်းလမ်းများပေါ်တွင် အပြာရောင်ကျောက်ပြားများ ခင်းလိုက်သည်။ ရွာအတွင်း ဆည်မြောင်းများကို ပြန်လည်သန့်စင်ပြီး စီမံခန့်ခွဲမှု ပြုလုပ်သည်။ သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်ကို အလှဆင်သည်။ ယခု တစ်ရွာလုံးရှိ လူနေအိမ်(၆၀၀)ကျော်၏ မိလ္လာပိုက်ကွန်ရက်လွမ်းမိုးနှုန်းမှာ (၈၀%)ခန့်ရှိပြီး လူနေမှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာပါသည်။

ဖူအမ်းရွာတွင် အစုရှယ်ယာစီးပွားရေးသမဝါယမ၊ ကူမင်းရှေးဟောင်းကျေးရွာ လျော်ဖောင်ယဉ်‌ကျေးမှု ခရီးသွားလာရေး ကုမ္ပဏီလီမိတက်ကို ရှေ့ဆင့်နောက်ဆင့် တည်ထောင်ခဲ့သည်။ ရွာသူရွာသားများနှင့် ရှေးဟောင်းလူနေအိမ်(၅)ခု၏ (၁၅)နှစ်ငှားရမ်းမှုသဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်သည်။ ကျေးရွာရန်ပုံငွေဖြင့် ရှေးဟောင်းလူနေအိမ်အပေါ် ပြုပြင်မွမ်းမံ ကာကွယ်ထိန်းသိမ်းမှု လုပ်ဆောင်မည်ဖြစ်သည်။ တည်ခိုခန်း၊ စားသောက်ဆိုင်၊ လက်မှုအနုပညာလက်ရာထုတ်လုပ်ခြင်းစသည့် လုပ်ငန်းများကို တတိယပါတီမှ လုပ်ငန်းလည်ပတ်လုပ်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိတွင် အိုဟောင်းပျက်စီးသော အိမ်အဟောင်းသည် ရွာကိုလွမ်းဆွတ်သည့်အခါ မှီခိုရန်၊ ဝင်ငွေတိုးပွားစေသည့် တန်ဖိုးတိုး ရတနာပစ္စည်း ဖြစ်လာပါတော့သည်။


(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)