ဤဓာတ်ပုံအတွဲသည် သင်၏ ရန်ကုန်အမှတ်တရများကို နိုးထစေခဲ့

2022-04-12 19:00:17 |သတင်းအရင်းအမြစ် 《吉祥》杂志

ယခုရက်ပိုင်း အာကာမိုးယံဟု ခေါ်သည့် အစ်ကိုလေးတစ်ဦးသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ လှည်းတန်းစျေးတွင် ရိုက်ထားသော ချစ်သူစုံတွဲ လမ်းပေါ်လျှောက်သွားနေသည့် ဓာတ်ပုံများကို သူ၏လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားရာ သူငယ်ချင်းများ၏ Like နှင့် မှတ်ချက်ကောင်း အများအပြား ရရှိခဲ့ရုံသာမက ရန်ကုန်၌ ကျောင်းတက်ခဲ့သော၊ အလုပ်လုပ်ခဲ့သော တရုတ်သူငယ်ချင်းများ၏ အမှတ်တရများကိုလည်း နိုးထစေခဲ့ပါသည်။

အာကာမိုးယံသည် ရန်ကုန်သားစစ်စစ် ဖြစ်ပြီး ရန်ကုန်ကို နက်ရှိုင်းသော သံယောဇဉ်ဖြင့် မြတ်နိုးပါသည်။ သူသည် ဓာတ်ပုံပညာကို ဝါသနာပါသူ ဖြစ်သည်။ အားလပ်ချိန်များတွင် သူ၏အနီးပတ်ဝန်းကျင်က လှပသော အခိုက်အတန့်များကို ကင်မရာဖြင့် မှတ်တမ်းတင်ထားရသည်ကို အလွန်နှစ်သက်ပါသည်။ ထို့ကြောင့် သူငယ်ချင်းများသည် သူ့ကို “အချိန်စောင့်ထိန်းသူ”ဟု ခေါ်လေ့ရှိပါသည်။

မတ်လအစောပိုင်းတွင် အာကာမိုးယံသည် လှည်းတန်းတွင် သူ့သူငယ်ချင်း ဟိန်းသူနှင့် Ariel Moon အတွက် ဓာတ်ပုံအတွဲလိုက် ရိုက်ကူးပေးခဲ့သည်။ “လှည်းတန်းဆိုတာ ရန်ကုန်မှာ အရမ်းနာမည်ကြီးတယ်။ ကြွယ်ဝတဲ့ ဘဝအငွေ့အသက်တွေနဲ့လည်း ပြည့်နှက်နေတယ်။ ဒီနေရာမှာ ဓာတ်ပုံရိုက်လို့ အရမ်း လှတယ်”ဟု အာကာမိုးယံက ပြောသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ဟိန်းသူသည် အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားကာ အထူးနေသာပြီး ချောမောပုံရသည်။ Ariel Moon သည် ရှည်လျားချောမွေ့သော ဆံပင်ကို ပြင်ဆင်ထားပြီး ပန်းရောင်အင်္ကျီလက်ရှည်နှင့် ပန်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်မှာ အလွန် လှပနူးညံ့နေပါသည်။ သူတို့နှစ်ဦးသည် လက်တွဲပြီး လှည်းတန်းလမ်းပေါ်တွင် လမ်းလျှောက်လာရင်း ရပ်တန့်လိုက် လမ်းလျှောက်လိုက်ဖြင့် စကားပြောရင်း ရယ်မောနေကြသည်။ အာကာမိုးယံသည် ကင်မရာ ရှပ်တာခလုတ်ကိုသာ နှိပ်ရန် အာရုံစိုက်နေကာ ပုံတိုင်းကို မှတ်တမ်းတင်ထားပြီး ဤစုံတွဲ၏ ပျော်ရွှင်စရာ အခိုက်အတန့်များကို သိမ်းဆည်းထားခဲ့ပြီ ဖြစ်သည်။

“ကျွန်တော့်အိပ်မက်က ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ဦးဖြစ်ဖို့ဖြစ်ပြီး ဘဝရဲ့ အစိတ်အပိုင်းတိုင်းကို မှတ်တမ်းတင်ဖို့ပါပဲ။ ဓာတ်ပုံရိုက်ဖို့ ပိုက်ဆံပေးစရာ မလိုပါဘူး။ ဓာတ်ပုံရိုက်ပြီးရင် ကျွန်တော့်ကို မုန့်လိုက်ကျွေးရင် ရပါပြီဗျာ”ဟု အာကာမိုးယံက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်ပါသည်။

Xiao Zhang သည် ရန်ကုန်တွင် ၂ နှစ်ကြာ အလုပ်လုပ်ခဲ့သည်။ ဤဓာတ်ပုံများကို မြင်လိုက်သည်နှင့် “ကျွန်မ ရန်ကုန်မှာ အလုပ်လုပ်တုန်းက ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ လှည်းတန်းဈေးကို ခဏခဏသွားပြီး အရသာရှိတဲ့ သရေစာတွေကို ရှာစားလေ့ရှိတယ်။ ဒီနေရာဟာ ထူထပ်တဲ့ ဘဝအငွေ့အသက်ရှိပြီး အလွန် စိတ်အပန်းပြေစေတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ မကြာခင် ပြီးဆုံးတော့မယ်လို့ မျှော်လင့်ပြီး ကျွန်မ ရန်ကုန်ကို ပြန်သွားကြည့်ချင်ပါတယ်...”ဟု Xiao Zhang က ရင်တွင်း၌ အလိုလို လှိုက်လှိုက်လှဲလှဲဖြစ်မိသည်။

“ရန်ကုန်တက္ကသိုလ်က လှည်းတန်းနဲ့ အရမ်းနီးတယ်။ ကျောင်းချိန်ပြီးတိုင်း အတန်းဖော်တွေနဲ့ လှည်းတန်းကို တညီတညွတ်နဲ့ အလိုလို လိုက်သွားကြတာကို သတိရမိပါတယ်။ အရသာရှိတဲ့ ကြက်ဆီထမင်းကို စား၊ လတ်ဆတ်တဲ့ ထောပတ်သီးဖျော်ရည် တစ်ခွက်ကို သောက်၊ အရမ်းစည်ကားလှတဲ့ လှည်းတန်းစျေးမှာ လမ်းလျှောက်ကြတယ်... အဲဒီအချိန်က ထာဝရကုန်ဆုံးသွားပြီ ဖြစ်ပြီး အခုတော့ ဒီဓာတ်ပုံတွေကို ကြည့်ရင်း ရန်ကုန်ကို အရမ်းသတိရနေတယ်”ဟု ရန်ကုန်မှာ ကျောင်းတက်ခဲ့သော Xiao Li က ပြုံးရင်း ပြောနေသည်။