ပိုင်မတော်ကျီသည် “လရောင်အောက်ဝယ် စည်းရိုးဝါး”သီဆိုခြင်းဖြင့် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာ TikTok သီချင်းသီဆိုခြင်း ဖိတ်ခေါ်ပြိုင်ပွဲကို အားပေးခဲ့

2022-04-15 09:15:23 |သတင်းအရင်းအမြစ် 德宏州委宣传部

“တယ်ဟုန်ပြည်နယ်ခွဲဟာ ကျွန်တော်ရဲ့ မွေးရပ်မြေဖြစ်ပါတယ်။ ဘယ်ကိုပဲရောက်ရောက် ကျွန်တော်က ဇာတိမြေကို အမြဲ သတိရ တွေးနေမိပါတယ်။” ယခုတစ်ကြိမ်တွင် ပိုင်မတော်ကျီ သည် #"လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း အားလုံးအတူ သီဆိုကြပါစို့ ၂၀၂၂ ခုနှစ် တရုတ်-မြန်မာ TikTok သီချင်းသီဆိုခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ရန် ဖိတ်ကြားခံရပြီး တယ်ဟုန်သူတယ်ဟုန်သားတစ်ဦးအနေနှင့် ဇာတိမြေအပေါ်ထားရှိသည့် ဖြူစင်သောမေတ္တာကို ဖော်ပြခဲ့ပါသည်။

ယူနန်ပြည်နယ် ခရီးသွားယဥ်ကျေးမှုပွဲတော်၏ ရုပ်ပုံသံတမန်အနေနှင့် ပိုင်မတော်ကျီ သည် တရုတ်နိုင်ငံ အသံလွှင့်နှင့်ရုပ်မြင်သံကြားဌာန(CCTV)၏ “တေးဂီတအစီအစဥ်”တွင် တိုင်းရင်းသားရိုးရာဂီတကို မိတ်ဆက်ခဲ့သည့် တစ်ဦးတည်းသော ယူနန်ပြည်နယ်မှ အဆိုတော် ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင် ပိုင်မတော်ကျီသည် “ပိုင်မတော်ကျီ တေးဂီတသင်တန်း”ပရဟိတလှုပ်ရှားမှုကို ယူနန်ပြည်နယ်ရှိ ကျေးရွာပေါင်းထောင်ချီအတွင်း ရာနှင့်ချီသော စာသင်ကျောင်းသို့သွားရောက်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ တောင်တန်းဒေသမှ ကလေးများသည် တေးဂီတကို လေ့လာရင်းနှင့် အိပ်မက်များကို ဖော်ဆောင်နိုင်ရန်၊ ယူနန်ပြည်နယ်အတွက် ပို၍ များပြားသော အနုပညာထူးချွန်သူများအား မွေးထုတ်ပေးနိုင်ရန် သူက မျှော်လင့်ထားပါသည်။

တယ်ဟုန်ပြည်နယ်ခွဲ၏ ဒေသရိုးရာဂီတအငွေ့အသက် ပါရှိသော တေးသီချင်းများကို ရေးစပ်ပြီး ဖန်တီးမည်ဖြစ်ကြောင်း၊ အခွင့်အလမ်းကောင်းတစ်ခုစီကို ဆုပ်ကိုင်ကာ ကမ္ဘာအား တယ်ဟုန်ပြည်နယ်ခွဲကို မိတ်ဆက်သွားကာ ပိုမိုများပြားသော ခရီးသွားဧည့်သည်တို့အား မိမိဇာတိမြေ၏ အလှတရားကို ရှုစားနိုင်ရန် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပိုင်မတော်ကျီက ပြောပါသည်။

 

(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)