ချစ်စဖွယ်ကောင်းလှသည်။ အသက် ၈၀ ဝန်းကျင် အဖွား ၂ ဦးသည် နှစ်စဉ် အတူတကွ ဓာတ်ပုံရိုက်ရန် ချိန်းဆိုလေ့ရှိ

2022-04-19 19:19:37 |သတင်းအရင်းအမြစ် 人民日报

ယခုရက်ပိုင်းတွင် အသက် ၈၀ နှစ် ဝန်းကျင်ရှိ အလွန်ခင်မင်ရင်းနှီးသော သူငယ်ချင်းဖြစ်သည့် အဖွား ၂ ဦးသည် ဂါဝန်ကို လှပစွာ ဝတ်ဆင်ပြီး အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဓာတ်ပုံများတွင် အဖွား ၂ ဦးသည် တောက်ပသောအပြုံးကိုယ်စီရှိနေပြီး ဟန်အမူအရာသည်လည်း ယဥ်ကျေးသိမ်မွေ့သည်။ ဓာတ်ပုံများသည် လူမှုကွန်ရက်တွင် လူကြိုက်များနေပြီး အဖွားတို့က လွန်ခဲ့သော နှစ်ပေါင်းများစွာ အတွင်း အတူတကွ ဓာတ်ပုံရိုက်ကြကာ မတူညီသော အဝတ်အစား စတိုင်လ်အမျိုးမျိုးအား စမ်းဝတ် ကြည့်ရသည်ကိုနှစ်သက်သည်ဟု အဖွားတစ်ဦး၏ သမီးကပြောသည်။


(အရင်းအမြစ် - People’s Daily, ဘာသာပြန် - Yunnan gateway)