ဧကရာဇ်ဘုရင် ချင်ရှီဟွမ် မြေရုပ်တုစစ်သည်များထက် ၉ နှစ်စော၍ တွေ့ရှိရသော အနောက်ဟန်ခေတ် ရောင်စုံ မြေရုပ်တုစစ်သည်များ

2022-04-20 18:19:17 |သတင်းအရင်းအမြစ် 新华网

အနောက်ဟန်ခေတ် ရောင်စုံ မြေရုပ်တုစစ်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်းမြို့နှင့်မဝေးသည့် ရှန်းယန်မြို့တွင် ဧကရာဇ်ဘုရင် ချင်ရှီဟွမ် မြေရုပ်တုစစ်သည်များထက် ၉ နှစ်စော၍ မြေစစ်သည်ရုပ်တုများ ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ ယင်းစစ်သည်ရုပ်တုများကို ရှန်းယန် ပြတိုက်တွင် ပြသထားပြီး အနောက်ဟန်ခေတ် ရောင်စုံမြေရုပ်တုစစ်သည် “မြင်း၊စစ်သည် သုံးထောင်” ဟု ခေါ်ဝေါ်ကြသည်။အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များနေ့ ရောက်ရှိသည့်နေ့တွင် ရှန်းယန်ပြတိုက်သို့ ဝင်ရောက်လေ့လာကြည့်ရှုခဲ့သည်။ ပြတိုက်အတွင်း အနောက်ဟန်ခေတ်ကာလများက ရဲမာန်ဝင့်ကြွားနေသော စစ်သည်တပ်ဖွဲ့ကို ခြေလျင်တပ်နှင့်မြင်းတပ်ဟူ၍ ခွဲခြားထားသည်ကို တွေ့ရမည် ဖြစ်သည်။ မြင်းစစ်သည် မြေရုပ်တုငယ်များက လေးနှင့်ဒူးလေးများကိုင်ဆောင်ကာ မြှားအိမ်ကို ကျောပိုးထားပြီး မြင်းစစ်သည် မြေရုပ်တုကြီးများက သံချပ်ကာအင်္ကျီဝတ်ကာ လက်တွင် အဲမောင်းကဲ့သို့သော လက်နက်ကိုင်ဆောင်ထားသည်။ ၎င်းတို့စီးနင်းသည့် စစ်မြင်းများက မျက်လုံးပြူးကာ နားရွက်ထောင်နေပြီး နှာခေါင်းနှင့်ပါးစပ် အနည်းငယ်ဟထားသည့်အသွင်ဖြင့် ရှေ့တန်းတပ်လှန့် ပြင်ဆင်ထားသည့်ဟန် ထုလုပ်ထားသည်။

အနောက်ဟန်ခေတ် ရောင်စုံ မြေရုပ်တုစစ်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

အနောက်ဟန်ခေတ် မြေရုပ်တု စစ်သည်များသည် ချင်စစ်သည်ရုပ်တုများနှင့်နှိုင်းယှဉ်လျှင် တိုက်ရိုက်ကွာခြားမှုရှိသည်က ၎င်းတို့သည် လူအစစ်အရပ်အမောင်း၏ သုံးပုံတစ်ပုံသာ ရှိပြီး ပျမ်းမျှအရပ်အမြင့် ၅၀ စင်တီမီတာခန့်ရှိရာ ချင်စစ်သည်ရုပ်တုများထက် များစွာ သေးငယ်နေသည်။

ရှန်းယန်ပြတိုက် သုတေသီ ဝူရှောင်ရွှန်က “သူတို့ကို တွေ့ရှိတဲ့အချိန်ဟာ ချင်ရှီဟွမ် မြေရုပ်တု စစ်သည်များကို တွေ့ရှိတဲ့အချိန်ထက် ၉ နှစ် တိတိ စောပါတယ်”ဟု ဆိုသည်။

အနောက်ဟန်ခေတ် ရောင်စုံ မြေရုပ်တုစစ်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

၁၉၆၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ရှန်းယန်မြို့ အရှေ့ဆင်ခြေဖုံးရှိ ဟန့်ကောင်းကျူ လျိုပေါင်း သင်္ချိုင်းဂူ ဝန်းကျင်ရှိ ယန်ကျားဝန်း ကျေးရွာလေးတွင် မြေညှိနေသည့် ကျေးရွာသားများက ဤ ရောင်စုံ မြေထည်စစ်သည်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း ရှေးဟောင်းသုတေသီများက ယင်းနေရာတွင် အတူမြှုပ်နှံထားသော သင်္ချိုင်းတွင်း ၁၀ တွင်း၊ အုတ်တွင်း ၁ တွင်း၌ စစ်သည်ရုပ်တု ၁၉၆၅ ခု၊ မြင်းစစ်သည် ၅၈၃ ခု၊ ဒိုင်းပုံသဏ္ဍာန်အရာဝတ္တု ၁၀၀၀ နီးပါး တွေ့ရှိရခြင်းကြောင့် “မြင်း၊စစ်သည် သုံးထောင်”ဟု အမည်ပေးခဲ့သည်။ ၎င်းမှာ တရုတ်နိုင်ငံ၌ ပထမဆုံး ပမာဏအများအပြား တူးဖော်ရရှိသော ရောင်စုံ မြေရုပ်တု စစ်သည်များဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်များတွင် တရုတ် ရှေးဟောင်းသုတေသနနယ်ပယ်၌ ကြီးမားသည့် တွေ့ရှိမှု ဖြစ်သည်။

အနောက်ဟန်ခေတ် ရောင်စုံ မြေရုပ်တုစစ်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

အနောက်ဟန်ခေတ် ရောင်စုံ မြေရုပ်တုစစ်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

အနောက်ဟန်ခေတ် ရောင်စုံ မြေရုပ်တုစစ်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

အနောက်ဟန်ခေတ် ရောင်စုံ မြေရုပ်တုစစ်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကွပ်ကဲရေးစစ်သည်၊ မှတ်တမ်းစစ်သည်၊ အလံကိုင် စစ်သည်၊ လေးမြှားစစ်သည် စသဖြင့် အရေအတွက် များပြားလှစွာသော မြင်းတပ်၊ခြေလျင်တပ်စစ်သည် ရုပ်တုများအပြင် ဤနောက်ဟန်ခေတ် ရောင်စုံ မြင်းစစ်သည်ရုပ်တုများတွင် ထူးခြားဆန်းပြားသည့် အသွင်သဏ္ဍာန်အမျိုးမျိုးရှိကြသည်။

“ပြခန်းအတွင်း အရပ်အမောင်းအမြင့်ဆုံး ကွပ်ကဲရေးစစ်သည်ရုပ်တုက စစ်သားနှစ်ထောင်ကျော်ကို အုပ်ချုပ်တဲ့ စစ်သူကြီး ဖြစ်ပုံရတယ်”ဟု ဝူရှောင်ရွှန်က ဆိုသည်။ “ဒီရုပ်တုက အရပ် ၅၆ စင်တီမီတာ၊ အကျယ် ၃၀ စင်တီမီတာ ရှိပြီး စစ်သရဖူဆောင်းထားကာ အနီရောင်၊အစိမ်းရောင် ရောင်စုံ စစ်ဝတ်ရုံကို ဝတ်ဆင်ထားတယ်၊ ညာဘက်လက်က နဖူးလောက်အမြင့်မှာ ညွှန်ကြားတဲ့သဏ္ဍာန် လက်ညှိုးညွှန်နေတာက အသက်ဝင်လှပါတယ်၊ ဒါက အင်မတန် အဖိုးထိုက်တဲ့ နိုင်ငံရဲ့ပထမဆင့်ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းဖြစ်ပါတယ် ”ဟု ပြောကြားခဲ့သည်။

ဤဟန်ခေတ် မြေရုပ်တုစစ်သည်များကို အဓိကအားဖြင့် မြေစေးကိုင်၊ ပုံသွင်း၊ ဖိုသွင်း မီးမြိုက်၊ အရောင်တင်ခြင်းဟူသော လုပ်ငန်းစဉ် ၄ ဆင့်ဖြင့် ပြုလုပ်ထားကြောင်း၊ မီးမြိုက်သည့်အပူချိန်က ၉၀၀ စင်တီဂရိတ်ခန့်ရှိရာ ဖိုအတွင်းမှ ထုတ်လာပြီးမှ အရောင်တင်ကြကြောင်း ရှေးဟောင်းသုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။
“စစ်သည်ရုပ်တုတွေရဲ့ မျက်ခုံး၊ မျက်လုံး၊ မုတ်ဆိတ်မွှေး၊ အင်္ကျီ၊ သံချပ်ကာနှင့် စစ်မြင်းကိုယ်ပေါ်မှာ အရေးအကြောင်းများက မြေထည်လက်သမားများ စုတ်တံ၊အရောင်နှင့် ရေးဆွဲထားခြင်း ဖြစ်တယ်။ အရောင်တွေက အမည်း၊ အနီ၊ ခရမ်း၊ အဖြူ စသဖြင့်ပေါ့ ….အလွန်တရာ လက်ရာမြောက်အသက်ဝင်တာကို တွေ့ရမှာပါ”ဟု ဝူရှောင်ရွှမ်က ဆိုသည်။

ချင်ခေတ် မြေရုပ်တုစစ်သည်များနှင့်မတူညီသည်မှာ ဤရုပ်တုများ၏ ဝတ်စားဆင်ယင်ပုံမှာ အနောက်ဟန်ခေတ်ဆန်းပိုင်း၌ ရေပန်းစားသော ဝတ်စားဆင်ယင်ပုံ ဖြစ်သည်။

“မြေရုပ်တု စစ်သည်တွေဝတ်ဆင်ထားတာက ချူအဝတ်အစားတွေရဲ့နမူနာပုံပါပဲ ၊ တစ်ချိန်တည်းမှာပဲ ဟူဝတ်စုံနှင့်ချင်ခေတ်ဝတ်စုံတွေကို ပုံစံကိုလည်း ထည့်သွင်းထားတာကြောင့် ဖက်ရှင်အသစ်ဖြစ်တယ်”ဟု ဝူရှောင်ရွှမ်က ပြောသည်။ “သံချပ်ကာအင်္ကျီတွေကို အမျိုးအစားခွဲမယ်ဆိုရင် အရှည်နဲ့အတိုဆိုပြီး နှစ်မျိုးရှိတယ်၊ မြင်စစ်သည်ရုပ်တုတွေရဲ့ ဒူးခေါင်းမှာ ကျားသစ်ကွက်ပုံဒူးအကာပါတယ်၊ ဖိနပ်ကတော့ ဝရဂျိ၊ ထိပ်ကော့ဖိနပ်၊ ထိပ်ဝိုင်းဖိနပ်၊ လည်ရှည်ဖိနပ်စသဖြင့် လေးမျိုး ရှိပါတယ်”ဟု ၎င်းက မိတ်ဆက်ပြောပြသည်။

အရွယ်အစား၊ အဝတ်အစား ထူးခြားမှုများက ချင်ခေတ် မြေရုပ်တုစစ်သည်များ သိသိသာသာနှင့်မတူသည့်အပြင် အနောက်ဟန်ခေတ် စစ်သည်ရုပ်တုများ၏ မျက်နှာပုံစံကွာခြားမှုသည်လည်း ထင်ရှားသည်။ ချင်ရှီဟွမ် စစ်သည်ရုပ်တုများက လူရုပ်တစ်ထောင်လျှင် မျက်နှာအသွင်အပြင်အမျိုးပေါင်း တစ်ထောင် ရှိကြသော်လည်း ရုပ်တုများ၏မျက်နှာပုံစံအများစုမှာ ကွမ်းကျုံးဒေသက လူပုံသဏ္ဍာန်ဖြစ်ကြသည်။ သို့သော် အနောက်ဟန် မြေရုပ်တုစစ်သည်များက ပုံစံသုံးမျိုးခွဲခြားထားရာ မျက်နှာလေးထောင့်၊ မျက်စေ့ခပ်ရှည်ရှည်း၊ပါးစပ်ကြီးသည့် ရုပ်တုပုံစံများက ဆန်ရှီး ကွမ်းကျုံးလူ ဟူ၍လည်းကောင်း၊ မျက်နှာပိန်ပိန်သွယ်သွယ်၊ မျက်ရိုးမောက်မောက်နှင့်က လုံရှီး၊ထျန်းဆွေလူ ဟူ၍လည်းကောင်း၊ ပါးရိုးမြင့်မြင့် ၊မျက်စိသေးသေးဝိုင်းဝိုင်းနှင့်က ပါးရှုလူဟူ၍လည်းကောင်း ခွဲခြားထားဟန်တူသည်။ ဤအသွင်မတူသည် ပုံစံ ၃ မျိုးက ဟန်ခေတ်ဆန်းပိုင်း စစ်သည်အစချီရာနှင့်၎င်းတို့ မျိုးနွယ်ဝင်များ၏ သက်သေအထောက်အထားပင်ဖြစ်သည်။

“ဒီ စစ်သည်ရုပ်တုများကို မြေမြှုပ်သင်္ချိုင်းတွင်း မြောက်ဘက်ရှိ ထုထည်ကြီးမား လှသော ဟန်ခေတ် ဂူဗိမာန်နှစ်ခု၊ ချန်လျင်ဂူသင်္ချိုင်းရှိ ကျိုးစစ်ပေးတွင် ရှေးဟောင်းသုတေသီများက နှစ်ပေါင်းများစွာ တူးဖော်သက်သေပြုတွေ့ရှိခြင်း ဖြစ်ပါတယ်။ ရုပ်တုစစ်သည်တွေက အရှင်သခင်နှင့်တူ မြှုပ်နှံထားခြင်းဖြစ်ရာ ကျိုးပေါ် သို့မဟုတ် ကျိုးရာဖူး ဇနီးမောင်ဖြစ်နိုင်တယ်။”ဟု ဝူရှောင်ရွှမ်က ပြောသည်။
“ထိုသို့တွေ့ရှိပြီး ရာစုနှစ်ဝက်ကျော်ကြာကာလမှာ ဒီအနောက်ဟန်ခေတ် မြေရုပ်တု စစ်သည်တွေက ဟန်ခေတ် ဈာပန စနစ်၊ ဝတ်စားဆင်ယင်ပုံစနစ်၊ ပန်းပုလက်ရာအနုပညာစသည့်ကဏ္ဍများကို သုတေသနပြုရာ၌ အရေးကြီးဆုံး လက်တွေ့မျက်မြင် အချက်အလက်တွေဖြစ်လာပါတယ်။ ဒီရုပ်တုစစ်သည်တွေကလည်း နိုင်ငံနှင့်ဒေသပေါင်းဒါဇင်ကျော်ကို သွားရောက်ပြသခဲ့ရာ ယဉ်ကျေးမှုဖလှယ်ရေးအဓိကသံတမန်တွေ ဖြစ်လာတယ်။”ဟု ၎င်းက ဆိုသည်။ (Xinhua)