တိမ်လူမျိုး ပိန်ယမ်းသည် ရက်ကန်းလုပ်ငန်းဖြင့် ရောင်စုံလှပသောဘဝကို ဖန်တီး

2022-04-21 18:46:46 |သတင်းအရင်းအမြစ် 新华网

တိမ်လူမျိုးသည် တရုတ်နိုင်ငံ Xizang ဒေသတွင် နေထိုင်သော လူနည်းစုလူမျိုးတစ်ခုဖြစ်ပြီး မိမိကိုယ်ပိုင် ထူးခြားချက်လက္ခဏာရှိသော ဘာသာစကားရှိသကဲ့သို့ ရိုးရှင်းသောနေထိုင်မှုပုံစံကို ထိန်းသိမ်းနေထိုင်ကြသည်။ တိမ်လူမျိုးတို့တွင် မိမိ၏ ဝတ်စားဆင်ယင်မှု၌ ကိုယ်ပိုင်ဓလေ့များ ရှိသည်။ တိမ်လူမျိုးတို့ ရက်လုပ်သည့်အထည်များသည် အနီရောင်၊ ပန်းရောင်အား အဓိကထားပြီး ရောင်စုံထွန်းလင်းတောက်ပလျက်ရှိသည်။ ရက်ကန်း ယက်လုပ်ရာတွင် ပုံသေမရှိဘဲ ရက်ကန်းမယ်များသည် မိမိစိတ်ကူးပုံဖော်မှုအတိုင်းသာ ရက်လုပ်လေ့ရှိသည်။ ထို့ကြောင့် ရက်လုပ်သည့်အထည်တစ်စစီတိုင်းသည် အခြားရက်ကန်းထည်များနှင့် မတူ ထူခြားချက်ရှိနေသည်။

ယခုနှစ်တွင် အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်သော အဖွား ပိန်ယမ်းသည် ဆယ်ကျော်သက်အရွယ်ကစတင်ပြီး ရက်ကန်းပညာကို လေ့လာသင်ယူခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် အဖွားသည် တိန်လူမျိုးအဝတ်တန်ဆာ ရက်ကန်းပညာဆိုင်ရာ Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် လက်ဆင့်ကမ်းဆက်ခံသူ ဖြစ်လာသည်။ တိမ်လူမျိုးအမျိုးသမီးငယ်များအနေဖြင့် ၎င်းပညာကို သင်ယူလိုသရွေ့ အဖွားသည် အစွမ်းကုန် ကြိုးစားသင်ကြားပေးလျက်ရှိပါသည်။


(အရင်းအမြစ် - Xinhua, ဘာသာပြန် - Yunnan gateway)