လှပသော အစိမ်းရောင်ဥဒေါင်းသည် ယူနန်ချိုရွှင်တွင် နေထိုင်ကျက်စား

2022-04-26 20:29:31 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချိုရွှင် ယီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲအတွင်းရှိ အိုင်းလောင်တောင်တန်းတွင် ရှားပါးသော အစိမ်းရောင်ဥဒေါင်းများ နေထိုင်ကျက်စားလျက်ရှိပါသည်။

အစိမ်းရောင်ဥဒေါင်းသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော မူရင်းနေထိုင်သည့် ဥဒေါင်းမျိုးစိတ်ဖြစ်ပြီး ယခုအချိန်တွင် ယူနန်ပြည်နယ်၌သာ ဖြန့်ကျက်နေထိုင်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံတော်ပထမအဆင့် ကာကွယ်စောင့်ရှောက်ခြင်းတိရစ္ဆာန်နှင့် မျိုးသုဥ်းလုနီးပါးတိရစ္ဆာန်လည်း ဖြစ်သည်။ စာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် ချိုရွှင်ပြည်နယ်ခွဲ၌ အစိမ်းရောင်ဥဒေါင်းအကောင်ရေ ၃၀၀ ခန့်ရှိပြီး တရုတ်နိုင်ငံအတွင်း စုစုပေါင်းပမာဏ၏ ၅၀% ရောက်ရှိနေသည်။ ချိုရွှင်သည် တရုတ်နိုင်ငံအတွင်း တောရိုင်းအစိမ်းရောင်ဥဒေါင်းကို အဓိက ကာကွယ်စောင့်ရှောက်ရာနေရာလည်း ဖြစ်သည်။


( အရင်းအမြစ်၊ Xinhua, ဘာသာပြန်၊ Yunnan gateway)