ဘာလက်ဇွန်၏ နွေဦးရာသီတွင် သင်မမြင်ဖူးသည့်အလှတရားများ

2022-04-28 12:14:48 |သတင်းအရင်းအမြစ် 云南日报

ဘာလက်ဇွန်၏နွေဦးရာသီတွင် အလှပဆုံးသောရူခင်းသာသည် နှင်းများအရည်ပျော်ခါနီး မပျော်ခင်အချိန်လေး ဖြစ်သည်။ သစ်ပင်ရွက်နုများ ပေါက်ခါနီးချိန်ဖြစ်သည်။ ငှက်ကလေးများသည် သာယာငြိမ့်ညောင်းစွာ တေးတွန်နေကြသည်။ အလှတရားများစွာသည် သဟဇာတဖြစ်လျက်ရှိနေသည်။

ဘာလက်ဇွန်၏ သဘာဝရူခင်းသာသည် ယူနန်ပြည်နယ် ရှန်ဂရီလာ အနောက်မြောက်ပိုင်းရှိ နစ်စီရွာ နယ်နိမိတ်အတွင်း ယူနန်၊ စီချွမ်၊ Xizang ဆုံစည်းရာနေရာတွင် တည်ရှိသည်။ ကျင်ရှာ၊ လန်ချမ်းနှင့်နုမြစ် “မြစ်သုံးမြစ်ပေါင်းဆုံစီးဆင်းရာနေရာ” ကမ္ဘာသဘာဝယဉ်ကျေးမှုအမွေအနှစ် ဟုန်စန်းအရပ်၏ အဓိက ရှုခင်းသာတစ်ခု ဖြစ်သည်။ ရှုခင်းသာထဲတွင် လှပသည့်ရှုခင်းများစွာ ရှိသည်။ နှင်းတောင်၊ ချိုင့်ဝှမ်း၊ ရေခဲချောင်း၊ မြစ်ရေစီးချောင်း၊ ကုန်းမြင့်အင်းအိုင်၊ သဘာဝသစ်တော စသည့်ရှုခင်းသားမျိုးစုံသည် တသားတည်း ပေါင်းစပ်နေပေသည်။ မြင့်မြတ်သော ရှေးဟောင်းရှန်ပါလာကျေးရွာ၊ နှစ်‌ပေါင်းထောင်ချီ သက်တမ်းရှိ ဖီးနစ်ဗောဓိပင်၊ ရှန်ပါလာစေတီ စသည့်ရူခင်းသာများလည်း ရှိနေသည်။ ထို့ပြင် တိုင်းရင်းသားရိုးရာဓလေ့များစွာကိုလည်း ထိန်းသိမ်းထားကြသည်။


(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)