ဤ”(၁၉၈၀)ခုနှစ်နောက်ပိုင်းဖွား”များ၏ နံရံပန်းချီများကြောင့် ခရိုင်မြို့ရပ်ကွက်ဟောင်းသည် “ဆယ်လီနေရာ” ဖြစ်လာ

2022-05-10 18:48:09 |သတင်းအရင်းအမြစ် 新华网

အပ်ချုပ်စက်နင်းပြီး အဝတ်ချုပ်နေသည့် မိန်းကလေးငယ်၊ ဝါးခြင်းတောင်းဖြင့် စာကလေးဖမ်းနေသည့် ကလေးငယ် စသဖြင့် “(၁၉၈၀)ခုနှစ်နောက်ပိုင်းဖွား”လူငယ်နံရံပန်းချီဆရာအုပ်စုတစ်စုသည် မိမိ၏ ငယ်ရွယ်စဉ်က ရှုခင်းများကို ယူနန်ပြည်နယ် ယွီရှီးမြို့ရပ်ကွက်ဟောင်းထဲရှိ နံရံပေါ်တွင် ပန်းချီရေးဆွဲထားကြသည်။

အဆိုပါ“(၁၉၈၀)ခုနှစ်နောက်ပိုင်းဖွား”လူငယ်နံရံပန်းချီဆရာများဖြစ်သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး တို့သည် ယွီရှီးဆရာနည်းပြကောလိပ်အနုသုခမေဂျာမှ အတန်းဖော်များ ဖြစ်ကြသည်။ ဘွဲ့ရပြီးနောက် နံရံပန်းချီကုမ္ပဏီကို အတူတည်ထောင်ဖွင့်လှစ်ခဲ့သည်။ (၂၀၀၉)ခုနှစ် ယွီရှီးတွင် နံရံပန်းချီမှာ အလွန်လန်းဆန်းနေသေးသည်။ ထို့ကြောင့် သူတို့တတွေသည် စျေးကွက်လိုလားမှုရှိသည်ဟု ယုံကြည်ပြီး အတူလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။

တူညီသောအသက်အရွယ်၊ တူညီသောလက်မှုပညာ၊ တူညီသောစိတ်နေစိတ်ထားများကြောင့် သူတို့သည် (၁၃)နှစ်တိုင် ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပါသည်။ (၁၃)နှစ်တာကာလအတွင်း နံရံပန်းချီ စတုရန်းမီတာ (၂)သောင်း ရေးဆွဲနိုင်ခဲ့သည်။ လက်ရာပေါင်း(၂၀၀၀)ကျော်ကို ယွီရှီး၏ ခရိုင်မြို့လမ်းများ၊ ရပ်ကွက်ကွင်းပြင်များ၊ ဉယျာဉ်ပန်းခြံကျောင်းဝင်းများတွင် တွေ့မြင်နိုင်ရပါသည်။ အသက်ဝင်သော လက်ရာများကြောင့် သူတို့သည်လည်း နာမည်ကျော်ကြားလာပြီး ရေးဆွဲရန်အမှာသည်လည်း တစ်နေ့တခြား ပိုမိုများပြားလာပါသည်။

(အရင်းအမြစ်၊ Xinhua ,ဘာသာပြန်၊ Yunnan gateway)