နွေဦးနှင့် နွေရာသီကူးစရာသီ၌ ချိန်ကျန်းဖူရှန်းအင်းမြောက်ဘက် ကမ်းဖူဟိုင်ဝမ်း စိမ့်မြေပန်းခြံတွင် ပန်းရောင်စုံ ဖူးပွင့်ဝေဆာလျက်ရှိပါသည်။ လှပသောရောင်စုံပန်းခင်းများနှင့် ကောင်ကင်းပြာ၊ ရေကြည်စိမ်းများ အပြန်အလှန်ထင်ဟပ်နေပြီး သာယာလှပသော တောတောင်ရေမြေရှုခင်းပန်းချီတစ်ချပ်အလား ဖြစ်လာပါသည်။
ပူနွေးသောနေရောင်ခြည်အောက်တွင် လေနုအေးများတိုက်နေသော ပန်းခင်းထဲ၌ လမ်းလျှောက်အပန်းဖြေ၍ ကောင်းသည်။ လေထုထဲ ယိမ်းနွဲ့ပျံ့လွင့်လာသော ပန်းရနံ့များသည် ပူအိုက်သောနွေရာသီကို ပိုမိုနူးညံ့စေပါသည်။
(အရင်းအမြစ်၊ ယွီရှီးကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)