ခြောက်နိုင်ငံမှ ပိုက်ကျော်ခြင်းလူငယ်ကစားသမားများသည် တရုတ်-မြန်မာ နယ်စပ်ရှိ တယ်ဟုန်ပြည်နယ်ခွဲတွင် ဆုံဆည်းကာ ချစ်ကြည်ရင်းနှီးမှု အတူကတွ လက်ဆင့်ကမ်းကြ

2023-10-11 17:19:41
အရင်းအမြစ်:云南省南亚东南亚区域国际传播中心

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာမှ ဦးစီးကျင်းပပြီး တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာနနှင့် ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာ တယ်ဟုန်စင်တာခွဲတို့ ပူးပေါင်းကျင်းပသော “ပိုက်ကျော်ခြင်းလူငယ်ကစားသမားများ အတူမျှဝေခြင်း”ဖလှယ်ရေးလှုပ်ရှားမှုကို တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဖလှယ်ရေးလှုပ်ရှားမှုသည် “လူငယ်များ၊ ပိုက်ကျော်ခြင်းကစားကြပါ”လှုပ်ရှားမှု၏ အစီအစဥ်တစ်ခု ဖြစ်ပါသည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်စသည့် နိုင်ငံများမှ ပိုက်ကျော်ခြင်းလူငယ်ကစားသမားများသည် အတူတကွ ဆုံဆည်းပြီး ပိုက်ကျော်ခြင်းအကြောင်းအရာများ ဖလှယ်ရင်း လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ချစ်ကြည်ရေး လက်ဆင့်ကမ်းကြပါသည်။

"ကျွန်တော် ငယ်ငယ်လေးကတည်းက ဘောလုံးနဲ့ ဘော်လီဘောကစားရတာကို ဝါသနာပါခဲ့တယ်။ ပိုက်ကျော်ခြင်းကစားနည်းက ဘောလုံးနဲ့ ဘော်လီဘောကြားက ကစားနည်းဖြစ်လို့ ပိုက်ကျော်ခြင်းကစားရတာကိုလည်း အရမ်းစိတ်ဝင်စားပါတယ်။"“ကျွန်တော် ၁၁ နှစ်သားကတည်းက ပိုက်ကျော်ခြင်း ပါဝင်ကစားခဲ့ပါတယ်။ အရင်က ပိုက်ကျော်ခြင်း တစ်ခါမှ မသင်ဖူးပေမယ့် အိမ်နီးချင်း အစ်ကိုတွေနဲ့ ကစားနိုင်ခဲ့ပါတယ်။ ” ဖလှယ်မျှဝေရာတွင် ပိုက်ကျော်ခြင်းအားကစားလှုပ်ရှားမှုကို ပိုမိုအာရုံစိုက်လာပြီး လက်ခုပ်သံများ ပိုမိုရရှိမည်ဟု လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများမှ လူငယ် ၆ ဦးတို့သည် မျှော်လင့်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကျင်းပသည့် ကာလအတွင်းတွင် ပိုက်ကျော်ခြင်းလူငယ်ကစားသမားများအဖွဲ့သည် မန်စီမြို့နှင့် လုံချွမ်းခရိုင်သို့ သွားရောက်ကာ ဒေသဆိုင်ရာ ပိုက်ကျော်ခြင်းသတင်းအချက်အလက်များကို ရှာဖွေရန်၊ ဒေသတွင်း ပိုက်ကျော်ခြင်းဝါသနာရှင်များနှင့် ဆွေးနွေးဖလှယ်ရန် ပြုလုပ်ခဲ့ကြပါသည်။ "လန်ချန်း-မဲခေါင် လူငယ်တွေဟာ ပျော်ရွှင်မှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ကြီးပွားတိုးတက်မှု ရရှိဖို့ ပိုက်ကျော်ခြင်းအားကစားလှုပ်ရှားမှုမှာ မျှော်လင့်ထားပါတယ်။" ဤသည်မှာ လူတိုင်း၏ ဘုံဆန္ဒဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ်- ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာ၊ ဘာသာပြန်- Yunnan Gateway)

ခြောက်နိုင်ငံမှ ပိုက်ကျော်ခြင်းလူငယ်ကစားသမားများသည် တရုတ်-မြန်မာ နယ်စပ်ရှိ တယ်ဟုန်ပြည်နယ်ခွဲတွင် ဆုံဆည်းကာ ချစ်ကြည်ရင်းနှီးမှု အတူကတွ လက်ဆင့်ကမ်းကြ