နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်သည် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲတွင် ပါဝင်တက်ရောက်
2023-11-21 17:47:27
အရင်းအမြစ်:云南日报
ယခုအကြိမ် ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲကို “မင်္ဂလာပါ၊ တရုတ်နိုင်ငံ”ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပပါသည်။ နိုင်ငံတကာခရီးသွားစျေးကွက်တွင် အပြောင်းအလဲအသစ်များ၊ ခရီးသွားလုပ်ငန်း လိုအပ်ချက်အသစ်များနှင့် ခရီးသွားထုတ်ကုန်များ၏ ခေတ်ရေစီးကြောင်းအသစ်များကို အဓိက အလေးထားကာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းရှင်များကို ၎င်းကုန်စည်ပြပွဲသို့ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါပြပွဲသည် ခရီးသွားလုပ်ငန်းထုတ်ကုန်များ အရောင်းမြှင့်တင်ရန်နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရန် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယဥ်ကျေးမှုနှင့် ခရီးသွား သတင်းကွန်ရက်၊ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin