“ယူနန်လို့ ခေါ်တဲ့ နေထိုင်မှုဘဝတစ်မျိုး”လှုပ်ရှားမှု ထိုင်းနိုင်ငံတွင် ကျင်းပခဲ့

2023-12-01 18:36:08
အရင်းအမြစ်:云报客户端

"မြစ်တစ်စင်း မိသားစုတစ်စု" တရုတ်-ထိုင်း ယဉ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုနှင့် "ယူနန်လို့ ခေါ်တဲ့ နေထိုင်မှုဘဝတစ်မျိုး" ထိုင်းနိုင်ငံ နိုင်ငံတကာ ဖလှယ်ရေးလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် "Z-မျိုးဆက် အနုပညာအနာဂတ်ဆီသို့" နှင့် "လန်ချန်း-မဲခေါင် အထူးသတင်း ၁၀ ခု ရွေးချယ်ခြင်း" စသည့် လှုပ်ရှားမှုများကို စတင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ယူနန်နေ့စဥ်သတင်းစာအဖွဲ့နှင့် ထိုင်းနိုင်ငံ MCOT Public Co., Ltd. တို့သည် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုင်းနိုင်ငံ N-Tech နိုင်ငံတကာ အသက်မွေးဝမ်းကျောင်းမှ "မဲခေါင်"ပညာသင်ဆုအား ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာသို့ ပေးအပ်ပြီး "မဲခေါင်" မဂ္ဂဇင်းက ထိုင်းနိုင်ငံ ကိုယ်စားလှယ်ရုံးကို ရုံးအမှတ်တံဆိပ်ပါဆိုင်းဘုတ်အား ပေးအပ်ပါသည်။

အဆိုပါလှုပ်ရှားမှုတွင် "ယူနန်လို့ ခေါ်တဲ့ နေထိုင်မှုဘဝတစ်မျိုး" ဟူသော ဆောင်ပုဒ်ဖြင့် ပြပွဲကို ခင်းကျင်းပြသခဲ့သည်။ ယူနန်စားကောင်းသောက်ဖွယ်များ၊ ပန်းမန်များ၊ ဖူအော်လက်ဖက်ခြောက်၊ ပေါင်စန်း၊ လင်ချန်း၊ တယ်ဟုန်း၊ ဖူအော်၊ စစ်ဆောင်းပန်းနား၊ ဟုန်းဟယ်စသည့် ပြည်နယ်ခွဲနှင့် မြို့ပြများ၏ ဒြယ်မဲ့ယဉ်ကျေးမှုနှင့် ဖန်တီးမှုထုတ်ကုန်များနှင့် “ရှုဖွယ်စုံလင်ယူနန် စိမ်းလန်းစိုပြည် လန်ချန်း-မဲခေါင်”ဓာတ်ပုံပြပွဲတို့သည် ပွဲတက်ရောက်လာသော ဧည့်သည်များအား ဆွဲဆောင်ခဲ့ပါသည်။

တရုတ်-ထိုင်းနှစ်နိုင်ငံမှ အစိုးရအရာရှိ၊ မီဒီယာတာဝန်ခံနှင့် ကျွမ်းကျင်ပညာရှင်စသည့် ပုဂ္ဂိုလ် ၁၅၀ ကျော်တို့သည် အဆိုပါလှုပ်ရှားမှုကို ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin

“ယူနန်လို့ ခေါ်တဲ့ နေထိုင်မှုဘဝတစ်မျိုး”လှုပ်ရှားမှု ထိုင်းနိုင်ငံတွင် ကျင်းပခဲ့