ကျောင်းသူကျောင်းသားတစ်ဦး အလွန်ထူးချွန်လျှင် မိသားစုတစ်စုလုံး အသားငါးစားကြရသည်

2023-01-11 17:23:24
အရင်းအမြစ်:新华网

မကြာသေးမီက အန်ဟွေးပြည်နယ်၊ ဖူးရန်မြို့ရှိ အမှတ် ၁၀ အလယ်တန်းနှင့် အထက်တန်းကျောင်းသည် စာသင်နှစ်ချီးမွမ်းခြင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး အလယ်တန်းကျောင်းသူကျောင်းသားများအတွက် နှစ်သစ်ကူးလက်ဆောင်အထုပ်ကို ဖြန့်ဝေပေးခဲ့ပါသည်။ ချီးကျူးဂုဏ်ပြုခံရသော ကျောင်းသားတစ်ဦးချင်းအတွက် ၂.၅ ကီလိုဂရမ်ရှိ ဝက်သား သို့မဟုတ် ၂.၅ ကီလိုဂရမ်ရှိ ငါးနှစ်ကောင်ကို လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ပါသည်။

“ဒါဟာ ထူးချွန်တဲ့ ပညာရေးစွမ်းဆောင်ရည် ရှိနိုင်ရုံသာမက အသားငါးလည်းရနိုင်တယ်” ဟု အဆိုပါကျောင်းမှ ကျောင်းအုပ်ကြီး ချန်းလေးက ပြောကြားပါသည်။  စာသင်ရာတွင် တိုးတက်မှုရှိသော၊ အချင်းချင်း ကူညီတတ်သော၊ လုပ်အားကို ချစ်မြတ်နိုးသော၊ ထူးချွန်သောစွမ်းဆောင်ရည်ရှိသော ကျောင်းသူကျောင်းသားများသည် လက်ဆောင်အထုပ်တစ်ခုရရှိရန် အခွင့်အရေးရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ကြိုးစားသော ကျောင်းသူကျောင်းသားများအား အသားငါးစားစေရန်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်နိုင်ရန် ရည်ရွယ်ပြီး ဆုလက်ဆောင် ချီးမြှင့်ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါကျောင်းသည် စာသင်နှစ်ချီးမွမ်းခြင်းအစည်းအဝေးတွင် ကျောင်းသူကျောင်းသားများအား အသားငါးများကို လက်ဆောင်အဖြစ် ငါးနှစ်ဆက်တိုက် ဖြန့်ဝေပေးခဲ့ကြောင်း၊ ဝက်သားနှင့် ငါး စုစုပေါင်း ကီလိုဂရမ် ၅၀၀၀၀ ကျော် ဖြန့်ဝေပေးခဲ့ပြီး ၎င်းစရိတ်များသည် ပရဟိတလုပ်ငန်းအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ကြောင်း သိရပါသည်။

၉ တန်း အတန်းအမှတ် ၁၈ မှ ချုံယီမင်းသည် အတန်းစည်းကမ်းများကို လိုက်နာပြီး အသေးစိတ် သင်ယူလေ့လာလေ့ရှိကာ နံနက်စာဖတ်ချိန်တွင် အခြားသော ကျောင်းသူကျောင်းသားများထက် မိနစ် ၂၀ ကျော်စောပြီး ရောက်ရှိသည့်အတွက်ကြောင့် နှစ်သစ်ကူးလက်ဆောင်အထုပ်ကို ရရှိခဲ့ပါသည်။ သူ့ဖခင်ဖြစ်သူ ချုံရှယ်လျန်သည် အံ့သြပြီး အလွန်ပျော်ရွှင်ခဲ့ပါသည်။ "ကျွန်တော့်သားလေး ဆုတွေရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ဒီအသားကို ဟင်းချက်ပြုတ်ပြီး ဆွေမျိုးတွေနဲ့အတူ သုံးဆောင်ဖို့ ပြင်ဆင်ခဲ့တယ်"ဟု ချုံရှယ်လျန်က ပြောဆိုပါသည်။

ချစ်သောစာဖတ်ပရိသတ်တွေမှာလည်း ကျောင်းတက်စဉ်က အမှတ်တရအရှိဆုံးသော ဆုများ ရရှိခဲ့ဖူးပါသလား။ ဖြေပေးခဲ့ပါဦး။

(ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)
 

ကျောင်းသူကျောင်းသားတစ်ဦး အလွန်ထူးချွန်လျှင် မိသားစုတစ်စုလုံး အသားငါးစားကြရသည်