တရုတ်ကွန်ဂရက်ညီလာခံကြီးနှစ်ခုအကြောင်း သိကောင်းစရာများ

2023-01-12 17:31:55
အရင်းအမြစ်:云南日报

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက် (၁၃)ကြိမ်မြောက် ယူနန်ပြည်နယ်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ကွန်ဂရက်ညီလာခံကြီးနှစ်ခုကို နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိပါသည်။ တရုတ်ကွန်ဂရက်ညီလာခံကြီးနှစ်ခု ဆိုသည်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်လုံးကျွတ်အမျိုးသားကွန်ဂရက် (NPC) နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက်(CPPCC)ဖြစ်ပါသည်။ အဆိုပါကွန်ဂရက်ညီလာခံကြီးနှစ်ခုအား ကျင်းပသည့်အချိန်မှာ အခြေခံအားဖြင့် တိုက်ဆိုင်ပြီး အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အရေးကြီးသည့်အတွက်ကြောင့် “ကွန်ဂရက်ညီလာခံကြီးနှစ်ခု”ဟု ရည်ညွှန်းခေါ်ဝေါ်သည်။


တရုတ်ကွန်ဂရက်ညီလာခံကြီးနှစ်ခုကို မကျင်းပမီ ပြည်နယ်တိုင်းတို့သည် ပြည်နယ်အဆင့် ညီလာခံကြီးနှစ်ခုကို ကျင်းပရန် လိုအပ်ပါသည်။ ယင်းသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးကျွတ်အမျိုးသားကွန်ဂရက်ကို ကျင်းပပြီးနောက် ယူနန်ပြည်နယ်သည် ညီလာခံကြီးနှစ်ခုကို ပထမအကြိမ် ကျင်းပသည်။ ယူနန်ပြည်နယ်သည် လာမည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို မည်သို့စီစဉ်မည်နည်းနှင့် မည်သည့်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များကို ချမှတ်မည်နည်း ဆိုသည်မှာ အဆိုပါညီလာခံကြီးနှစ်ခု၏ အဓိကအကြောင်းအရာဖြစ်သည်။


ယခုနှစ် မတ်လတွင် တရုတ်ကွန်ဂရက်ညီလာခံကြီးနှစ်ခုကို ကျင်းပမည့်အချိန်တွင် တရုတ်နိုင်ငံ တစ်ဝှမ်းလုံးရှိ ဒေသအသီးသီးမှ လုပ်ငန်းနယ်ပယ်အလွှာပေါင်းစုံ၏ NPC ကိုယ်စားလှယ်များနှင့် CPPCC အဖွဲ့ဝင်များသည် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို ဆွေးနွေးရန်နှင့် ပြည်သူ့ဘဝအတွက် မဟာဗျူဟာများ ရှာဖွေရန် ပေကျင်းမြို့တွင် စုရုံးကြမည်ဖြစ်ပါသည်။

(ဆောင်းပါးအရင်းအမြစ် -ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

တရုတ်ကွန်ဂရက်ညီလာခံကြီးနှစ်ခုအကြောင်း သိကောင်းစရာများ