“မန်စီ-မန္တလေး” အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်

2023-01-18 14:27:42
အရင်းအမြစ်:苏南瑞丽航空

တယ်ဟုန် မန်စီလေဆိပ်သည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် “မန်စီ-မန္တလေး” အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း Ruili Airlines မှ သတင်းအရ သိရပါသည်။

စီစဉ်ထားသည့် အချိန်ဇယားအရ အဆိုပါလေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ်ဖြင့် အင်္ဂါနေ့၊ ကြာသပတေးနှင့် စနေနေ့တိုင်း Ruili Airlines မှ ပျံသန်းပြေးဆွဲမည် ဖြစ်သည်။ မန်စီမှ မန္တလေးသို့ ဆိုက်ရောက်မည့်အချိန်မှာ ၁၈ နာရီ ၁၀ မိနစ် ဖြစ်ပြီး မန္တလေးမှ မန်စီသို့ ပျံတက်မည့်အချိန်မှာ ၁၉ နာရီ ၁၀ မိနစ် ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ ခရီးသွားမည့် ဧည့်သည်များအနေဖြင့် လိုအပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁ ။ ခရီးသွားဧည့်သည်များသည် အပြည်ပြည်ဆိုင်ရာကျန်းမာရေး သက်သေခံလက်မှတ် (ကာကွယ်ဆေး ထိုးနှံခြင်း သက်သေခံလက်မှတ်) ကို ပေးအပ်ရန် လိုအပ်သည်။
၂ ။ ခရီးသွားဧည့်သည်များသည် အီလက်ထရောနစ်ဗီဇာကို ကြိုတင်လျှောက်ထားရန် လိုအပ်သည်။

  

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပြည်ပမှ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များအတွက် လိုအပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁ ။ RT-PCR နျူကလိယအက်ဆစ် စစ်ဆေးမှုကို ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း ပြုလုပ်ရန် လိုအပ်ပြီး ရလဒ်မှာ အနုတ်လက္ခဏာဖြစ်ပါက ယူနန်သို့ ဝင်ရောက်နိုင်သည်။ အကယ်၍ စစ်ဆေးမှုရလဒ်သည် အပေါင်းလက္ခဏဖြစ်ပါက အနုတ်လက္ခဏာ ထွက်ရှိပြီးမှသာ ယူနန်သို့ သွားသင့်သည်။
၂ ။ ယူနန်ပြည်နယ်သို့ ဝင်ရောက်လာသော ခရီးသွားဧည့်သည်များသည် WeChat applet "CHINA CUSTOMS"၊ ဝက်ဘ်ဆိုက် https://htdecl.chinaport.gov.cn/htdeclweb/home/pages/healthDeclare/declare.html စသည်တို့မှတစ်ဆင့် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း နျူကလိယအက်ဆစ် စစ်ဆေးမှုအစီရင်ခံစာကို ပေးပို့ရန် လိုအပ်သည်။

ထို့အပြင် သီးခြားမူဝါဒအပြောင်းအလဲများအား မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ ဝက်ဘ်ဆိုက်သို့ အချိန်နှင့်တပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါသည်။

(ဆောင်းပါးအရင်းအမြစ် - Ruili Airlines WeChat အကောင့်။ ဘာသာပြန် - Yunnan gateway)

“မန်စီ-မန္တလေး” အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်