တရုတ်-မြန်မာ နယ်စပ်ရှိ မုန့်လျန်ခရိုင်က ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှု အားကောင်းလာ

2023-01-28 18:17:32
အရင်းအမြစ်:新华社

တရုတ်နှစ်သစ်ကူးပွဲတော်ကာလ ဈေးကွက်ကို အလျဉ်မီ ရောက်ရှိရေးနှင့် ဈေးကောင်းရနိုင်ရေးအတွက် တရုတ်-မြန်မာ နယ်စပ် မုန်လျန်ခရိုင်တွင် သစ်သီးဝလံစိုက်ပျိုးသော တောင်သူများက ထောပတ်သီးမှည့်များ ခူးဆွတ်ခြင်းဖြင့် အလုပ်များပြားလျက်ရှိသည်။

ထောပတ်သီးသည် တရုတ်နိုင်ငံ နောက်တောင်ပိုင်း ယူနန်ပြည်နယ် မုန့်လျန်ခရိုင်၏ စီးပွားဖြစ် သီးနှံဖြစ်ရာ ယင်းခရိုင်တွင် ထောပတ်သီးကို အဓိကအားထားစိုက်ပျိုးကြသည်။

မုန့်လျန်၏ ရာသီပေါ်သီးနှံထွက်ကုန်ပမာဏသည် တန်ချိန် ၁၅,၀၀၀ ရှိပြီး လက်ရှိ တရုတ်နိုင်ငံတွင် ထောပတ်သီး အများဆုံး စိုက်ပျိုးသော ခရိုင်လည်း ဖြစ်သည်။

(ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။)

တရုတ်-မြန်မာ နယ်စပ်ရှိ မုန့်လျန်ခရိုင်က ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှု အားကောင်းလာ