တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီနယ်စပ်ဂိတ်သည် ပြည်ဝင်ပြည်ထွက်ခရီးသည်များ ပြန်လည်ကြိုဆိုလျက်ရှိ

2023-01-28 18:26:06
အရင်းအမြစ်:瑞丽市融媒体中心

“နောက်ဆုံးတော့ ဂိတ် ပြန်ဖွင့်လိုက်ပါပြီ။ ပြည်ပရောင်းဝယ်ရေး လုပ်ကိုင်သူတွေအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပိုမို အဆင်ပြေပြီး မြန်မြန်ဆန်ဆန် ဝင်ထွက်လို့ စီးပွားရေးလုပ်ကိုင်နိုင်ပြီပေါ့ဗျာ။ ကျွန်တော့်အတွက် အဓိကအချက်ကတော့ အချိန်အတော်ကြာ မတွေ့ရတဲ့ မိသားစုဝင်တွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ပါပဲ။ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လာတာဟာ ကျွန်တော်နဲ့ မိသားစုဝင်တွေအတွက် အကောင်းဆုံး အကျိုးအမြတ် ဖြစ်ပါတယ်။ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်တစ်ဦးဖြစ်သည့် သန်းထွန်းဝင်းသည် ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ချောမွေ့စွာ ဝင်ရောက်ခဲ့ပါသည်။ သူသည် သုံးနှစ်အတွင်း ရွှေလီနယ်စပ်ဂိတ်သို့ ဝင်ရောက်သည့် ပထမဆုံး နိုင်ငံခြားခရီးသွားဧည့်သည်လည်းဖြစ်ပါသည်။

 

“လူဝင်မှု ကြီးကြပ်ပြီး ခရီးသွားဧည့်သည်တွေက ဝင်ရောက်လာတဲ့အခါမှာ သူတို့ရဲ့ အပြုံးတွေက ကျွန်တော်တို့အတွက် အကောင်းဆုံး အားရကျေနပ်စရာဖြစ်ပါတယ်” ဟု ရွှေလီနယ်စပ်ဂိတ် လူဝင်မှု ကြီးကြပ်ရေးစခန်းမှ တာဝန်ခံက ပြောကြားပါသည်။ “ဆက်လက်ပြီး ပြည်ဝင်ပြည်ထွက်ခရီးသွားဧည့်သည်ဟာ တည်ငြိမ်စွာ တိုးများလာတာနဲ့အတူ လူဝင်မှု ကြီးကြပ်ရေးအလုပ်စွမ်းဆောင်ရည် မြှင့်တင်ဖို့ တက်ကြွပြီး ထိရောက်တဲ့ အစီအမံတွေကို ဆောင်ရွက်သွားမယ်။”

နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်သည့် လူများသည် ၄၈ နာရီအတွင်း နျူကလိယအက်ဆစ် စစ်ဆေးမှု အနုတ်လက္ခဏာအစီရင်ခံစာနှင့် တရားဝင် ပြည်ဝင်ပြည်ထွက်လက်မှတ်များကိုသာ တင်ပြရန် လိုအပ်ကြောင်း ပြည်ဝင်ပြည်ထွက်ခရီးသွားဧည့်သည်များ သွားလာရာတွင် များစွာ အဆင်ပြေစေကြောင်း သိရပါသည်။
(ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီနယ်စပ်ဂိတ်သည် ပြည်ဝင်ပြည်ထွက်ခရီးသည်များ ပြန်လည်ကြိုဆိုလျက်ရှိ