အရမ်းမိုက်သည့် ယူနန်ပြည်နယ်ရှိ “ဘိုးဘိုးဘောလုံးအသင်း”

2023-01-30 17:36:53
အရင်းအမြစ်:云南新闻网、央视新闻

ယူနန်ပြည်နယ် ကူမင်းမြို့ ချီးဘာရပ်ကွက်တွင် သက်ကြီးရွယ်အို ၇၀ ကျော်ဖြင့် ဖွဲ့စည်းထားသော "ဘိုးဘိုး ဘောလုံးအသင်း" တစ်သင်း ရှိပါသည်။ အသက် ၈၀ နှစ်အထက် ရှိသည့် အသင်းဝင် ၆ ဦးရှိပြီး အသက်အကြီးဆုံးသော အသင်းဝင်မှာ ၈၈ နှစ် ဖြစ်ပါသည်။ သူတို့သည် ဘောလုံးကို ချစ်မြတ်နိုးစိတ်ဖြင့် စုစည်းလာကြပြီး ဘောလုံးဖြင့် သူငယ်ချင်းများ တွေ့ဆုံသည့် ချစ်ကြည်ရေးကို အနှစ် ၄၀ နီးပါး လက်ဆင့်ကမ်းလာခဲ့ကြပြီဖြစ်ပါသည်။

အဆိုပါဘောလုံးအသင်း၏ သမိုင်းကြောင်းမှာ အနှစ် ၄၀ ရှိပါပြီ။ ဘိုးဘိုးများသည် အသက်ကြီးသော်လည်း ဘောလုံးအပေါ် ချစ်မြတ်နိုးစိတ်မှာ ဘယ်တော့အခါမှ မလျော့ခဲ့ကြပါ။ ဘောလုံးကွင်းတည်ဆောက်ရန် တရုတ်ယွမ် ၉၀၀၀၀ စုဆောင်းပြီး တစ်ပတ်လျှင် ပြိုင်ပွဲနှစ်ပွဲကို ယှဥ်ပြိုင်ကစားလေ့ရှိပါသည်။ (ဆောင်းပါးအရင်းအမြစ် - www.yn.chinanews.com, cctv.com ။ ဘာသာပြန် - Yunnan gateway)

အရမ်းမိုက်သည့် ယူနန်ပြည်နယ်ရှိ “ဘိုးဘိုးဘောလုံးအသင်း”