တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ်ဂိတ်တွင် ကုန်စည်ပို့ဆောင်ရေးအကောက်ခွန်ရှင်းလင်းမှု အပြည့်အဝ ပြန်လည်စတင်ပြီး ပထမအသုတ် မြန်မာနိုင်ငံမှ တင်သွင်းသည့် တရုတ်တိုင်းရင်းဆေးကုန်ကြမ်းများ တရုတ်နိုင်ငံသို့ ဝင်ရောက်

2023-01-30 17:43:38
အရင်းအမြစ်:中国新闻网

ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် တရုတ်တိုင်းရင်းဆေးကုန်ကြမ်းများ တင်သွင်းလာသည့် ကုန်တင်ယာဉ်တစ်စီးသည် မြန်မာနိုင်ငံ မူဆယ်မှ ရွှေလီနယ်စပ်ဂိတ်သို့ ဖြည်းညှင်းစွာ မောင်းနှင်လာပြီး အဆိုပါကုန်တင်ယာဉ်၏ ယာဉ်မောင်းသည် အဝင်အထွက်လုပ်ငန်းစဉ်များကို တိုက်ရိုက်ဆောင်ရွက်ခဲ့ပါသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပထမအသုတ် အဝင်အထွက်ခရီးသည်များသည် ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် အောင်မြင်စွာ စစ်ဆေး ဝင်ထွက်ပြီးနောက် အဆိုပါနယ်စပ်ဂိတ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေးမှာလည်း သုံးနှစ်နီးပါးကြာပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကအတိုင်း ပုံမှန် စီမံခန့်ခွဲနိုင်ခဲ့ကြောင်း သိရပါသည်။ .

“လက်ရှိမှာတော့ ရွှေလီနယ်စပ်ဂိတ်ကတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အပိုင်းလိုက် သယ်ယူပို့ဆောင်ရေး၊ ယာဉ်မောင်းအစားထိုးမောင်းနှင်ခြင်း၊ ပိုးသတ်ခြင်းစတဲ့ အစီအစဥ်တွေ ဖျက်သိမ်းခဲ့ပြီး အကောက်ခွန်ရှင်းလင်းရေးအရှိန်လည်း သိသိသာသာ တိုးတက်လာပါတယ်။ နယ်စပ်စစ်ဆေးရေးဌာနက အစီအမံအမျိုးမျိုးကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်။ ပူးတွဲစစ်ဆေးရေးဌာနတွေ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းအဖွဲ့တွေနဲ့ ဆက်သွယ်မြှင့်တင်ပါမယ် ”ဟု ရွှေလီလူဝင်ကြီးကြမ်မှုစခန်းမှ တာဝန်ခံတစ်ဦးက ပြောကြားပါသည်။

ကုန်တင်ကား ဝင်ရောက်လာတာကို တွေ့ရတော့ အရမ်း စိတ်လှုပ်ရှားမိပါတယ်။ အနာဂတ်မှာ လုပ်ငန်းအဖွဲ့တွေရဲ့ အမှာစာတွေ တိုးလာပါတော့မယ်။ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတွေအတွက် ဝင်ငွေလည်း တိုးလာမယ်ဟု ကုန်စည်အကောက်ခွန်ရှင်းလင်းရေးနေရာ၌ ရောက်ရှိနေသော အဆိုပါအသုတ် တင်သွင်းလာသည့် တရုတ်တိုင်းရင်းဆေးကုန်ကြမ်းများအား လက်ခံသည့် ကုမ္ပဏီမှ လက်ခံသူ ဟွမ်ဟုန်းရှင်းက ပြောပါသည်။ (ဆောင်းပါးအရင်းအမြစ် - China News.com ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ်ဂိတ်တွင် ကုန်စည်ပို့ဆောင်ရေးအကောက်ခွန်ရှင်းလင်းမှု အပြည့်အဝ ပြန်လည်စတင်ပြီး ပထမအသုတ် မြန်မာနိုင်ငံမှ တင်သွင်းသည့် တရုတ်တိုင်းရင်းဆေးကုန်ကြမ်းများ တရုတ်နိုင်ငံသို့ ဝင်ရောက်