တရုတ်နိုင်ငံမှ တင်သွင်းသော ခရီးသည်တင်ရထားများ ပါကစ္စတန်နိုင်ငံ၌ စတင်လည်ပတ်

2023-01-31 16:21:28
အရင်းအမြစ်:国际在线

ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ ရထားကုမ္ပဏီက အခမ်းအနားကျင်းပပြီး ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံမှ တင်သွင်းခဲ့သော ခရီးသည်တင်ရထားများကို Green Line Express ရထားများအဖွဲ့ထဲသို့ ထည့်သွင်းပြီး ခရီးသည်တင်ပို့ဆောင်ရေး အတွက် တရားဝင်စတင်လည်ပတ်နေပြီဟု ကြေညာခဲ့ပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက CRRC Tangshan Co., Ltd.မှ ပါကစ္စတန်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သော ခရီးသည်တင် ရထားစုစုပေါင်း အစီး (၂၃၀)၏ ပထမအသုတ် အဖြစ်ခရီးသည်တင်ရထား (၄၆)စီးနှင့် အပိုပစ္စည်းများ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။

တရုတ်နိုင်ငံမှ တင်သွင်းသော ခရီးသည်တင်ရထားများ ပါကစ္စတန်နိုင်ငံ၌ စတင်လည်ပတ်