နွေဦးပွဲတော်အတွင်းတွင် ပြည်ပသို့ သွားရောက်လည်ပတ်သည့် တရုတ်ခရီးသည် ဦးရေ သိသိသာသာ တိုးလာခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

2023-01-31 16:24:33
အရင်းအမြစ်:国际在线

ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုနှစ်နွေဦးပွဲတော်အတွင်းတွင် ကမ္ဘာသည် တက်ကြွပျော်ရွှင် လန်းဆန်းမှုအပြည့် ရှိသော တရုတ်နိုင်ငံကို တွေ့မြင်ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင်က သက်ဆိုင်ရာစစ်တမ်းကောက်ယူချက်အရ ယခုနှစ် နွေဦးပွဲတော်အတွင်းတွင် တစ်ပြည်လုံးပြည်ဝင်ပြည်ထွက်ဦးရေ ၂၈ သိန်း ၇ သောင်း ကျော်ရှိပြီး နေ့စဉ်သွားလာသူဦးရေ ၄ သိန်း ၁ သောင်း ရှိကာ လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် နွေဦးပွဲတော် အလားတူအချိန်ပိုင်းကထက် ၁၂၀.၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ တရုတ်ခရီးသည်များ၏ ပြည်ပသို့ သွားရောက်လည်ပတ်ရန် ပမာဏသည် ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ရာခိုင်နှုန်း ၆၄၀ တိုးလာပြီး နိုင်ငံဖြတ်ကျော် လေယာဉ် လက်မှတ်မှာယူမှုလည်း ၄ ဆ တိုးများလာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

နွေဦးပွဲတော်အတွင်းတွင် ပြည်ပသို့ သွားရောက်လည်ပတ်သည့် တရုတ်ခရီးသည် ဦးရေ သိသိသာသာ တိုးလာခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို