ယူနန်ပြည်နယ်သည် Point-to-Point ဝန်ဆောင်မှုဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိစေပြီး လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် ဖော်ဆောင်လျက်ရှိ

2023-01-31 16:35:28
အရင်းအမြစ်:新华社

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်ရှိ ဒေသအများအပြားသည် အလုပ်သမားများ ဝန်ဆောင်မှု ပလက်ဖောင်းကို တက်ကြွစွာ တည်ဆောက်ကာ တရုတ်နှစ်သစ်ကူးပွဲတော်အပြီးတွင် ကျေးလက်ဒေသမှ ရွှေ့ပြောင်းအလုပ်သမားများသည် ပြင်ပရှိ လုပ်ငန်းခွင်သို့ ပြန်သွားနိုင်ရန် ၎င်းအလုပ်သမားများအား စုစည်းပြီး သယ်ယူပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ အထူးရထားများ၊ အထူးကားများ၊ အထူးလေယာဉ်များစသည့် နည်းလမ်းများမှတစ်ဆင့် Point-to-Point ဝန်ဆောင်မှုဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား မြန်ဆန်ပြီး ဘေးကင်းလုံခြုံစွာ စနစ်တကျ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိပြီး အလုပ်လုပ်ကိုင်နိုင်ရန် အာမခံဆောင်ရွက်ပေးလျက် ရှိပါသည်။


တောင်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသတွေမှာ သွားရောက် လုပ်ကိုင်ဖို့ ရှေ့ရေးအလားအလာ ကောင်းပါတယ်။ ငွေရှာနိုင်တဲ့ အခွင့်အလမ်းဆုပ်ကိုင်ပါ... ရှူချောင်သည် ရွှေ့ပြောင်းအလုပ်သမား အထူးကားကို တတိယအကြိမ်မြောက် စီးပြီး စိတ်အရမ်းလှုပ်ရှားမိပါသည်။“အတူလိုက်သွားတဲ့ ရွာသားတွေနဲ့ ကျွန်တော်တို့ဟာ ဒီလို နွေးထွေးတဲ့ ဝန်ဆောင်မှုကို ခံစားရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”ဟု သူက ပြောကြားပါသည်။


ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချူကျင့်မြို့ ကျန့်ရီဇုန်မှ လျူယွီကျီးနှင့် မိသားစုဝင်များသည် ရွှေ့ပြောင်းအလုပ်သမား အထူးလေယာဥ်ဖြင့် ကူမင်းမြို့မှ ဝူရှီးမြို့သို့ ပြန်လည်ရောက်ရှိပြီး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေပြီဖြစ်ပါသည်။ ယခုရက်ပိုင်းအတွင်းတွင် သူနှင့် သူ၏ဇနီးနှင့်သမီးတို့သည် ကျန်းစူးပြည်နယ် ဝူရှီးမြို့တွင် အလုပ် လာလုပ်ခဲ့ကြသည်။ သူ့မိသားစု၏ ဝင်ငွေသည် တဖြည်းဖြည်းတိုးလာကာ သုံးထပ်တိုက်ငယ်လေးကို ဆောက်လုပ်နိုင်ခဲ့သည်။ "ဆွေမျိုးတွေနဲ့ သူငယ်ချင်းတော်တော်များများက ငါတို့မိသားစုရဲ့ အခြေအနေတွေ ပိုကောင်းလာတာကို မြင်ပြီး ငါတို့နဲ့ အလုပ်လုပ်ဖို့ ဝူရှီးမြို့ကို သွားချင်လာကြတယ်"ဟု လျူယွီကျီးက ပြောပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

ယူနန်ပြည်နယ်သည် Point-to-Point ဝန်ဆောင်မှုဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိစေပြီး လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် ဖော်ဆောင်လျက်ရှိ