အထပ် ၂၆ ထပ်မြင့်သော အဆောက်အအုံတွင် သိပ္ပံနည်းကျ ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်

2023-02-02 15:21:19
အရင်းအမြစ်:农民日报

တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ ကျုံးရှင်းခိုင်ဝေးခေတ်မီမွေးမြူရေးကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုအဆောက်အအုံရှိ ဖန်သားပြင်ကြီးပေါ်တွင် သောင်းနှင့်ချီသော ဝက်များသည် အထပ် ၂၆ ထပ်မြင့်သော အဆောက်အအုံ၏ ဓာတ်လှေခါးများတွင် အတက်အဆင်း စီးနင်းနေကြသည်ကို မြင်တွေ့နိုင်သည်။ ကွန်ပျူတာ အလိုအလျောက်စောင့်ကြည့်မှုဖြင့် သိပ္ပံနည်းပညာနှင့် အလွန်ပြည့်စုံပါသည်။

အထပ်မြင့်သော အဆောက်အအုံတွင် ဝက်မွေးမြူသည်မှာ နေရာလွတ်များ လိုအပ်ပါသည်။ ဒီဇိုင်းအရ အထပ် ၂၆ ထပ်မြင့်သော အဆောက်အအုံနှစ်ခုတွင် နှစ်စဉ် ဝက်ကောင်ရေ ၁.၂ သန်း မွေးမြူနိုင်ပြီး မြေဧရိယာ တရုတ်မူ ၆၀၀၀ မှ ၈၀၀၀ အထိ သက်သာစေနိုင်ပါသည်။

"နည်းပညာကို အားကိုးပြီး အတိုင်းအတာကြီးမားသော ဝက်မွေးမြူရေးလုပ်ငန်းသည် အရင်းအနှီး၏ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို အဆုံးစွန်ထိ ထိန်းချုပ်ရန် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ တွေးခေါ်မှုနှင့် ခေတ်မီနည်းပညာကို အသုံးပြုရန် လိုအပ်သည်"ဟု အဆိုပါကုမ္ပဏီမှ စိုက်ပျိုးရေးခေတ်မီတိုးတက်ရေးကဏ္ဍ တာဝန်ခံ ဒုတိယဥက္ကဋ္ဌ ကျင်းလင်က ပြောကြားပါသည်။ ဝက်မွေးမြူသည့်အချိန် အပါအဝင် အကြောင်းရင်းများစွာက လွှမ်းမိုးမှုရှိသော်လည်း ဝက်မွေးမြူရေးလုပ်ငန်းသည် ရှေ့အလားအလာကောင်းသော လုပ်ငန်းဖြစ်နေဆဲဟု သူက ယုံကြည်သည်။ ဝက်မျိုးစိတ်၊ ဝက်သားပေါက်များနှင့် ပတ်ဝန်းကျင်ကို မြှင့်တင်ပေးမှသာ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်တစ်ခု ထူထောင်သွားနိုင်မည်ဖြစ်သည်။

ယခုနှစ်အတွင်း အထပ်မြင့် အဆောက်အအုံနှစ်ခု ဝက်မွေးမြူရေးခြံ စီမံကိန်း၏ ထုတ်လုပ်မှုအမြောက်အမြားကို စျေးကွက်အတွင်း အောင်မြင်စွာ စမ်းသပ်ပြီးနောက် ဤနေရာသည် လုပ်ငန်းတွင် ရှေ့တန်းဦးဆောင်နိုင်သော ခေတ်မီဝက်မွေးမြူရေးခြံများထဲမှ တစ်ခုဖြစ်လာမည်ဟု ကျင်းလင်က မျှော်လင့်ထားပါသည်။ (ဆောင်းပါးအရင်းအမြစ် - Farmers' Daily ။ ဘာသာပြန် - Yunnan gateway)

အထပ် ၂၆ ထပ်မြင့်သော အဆောက်အအုံတွင် သိပ္ပံနည်းကျ ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်