တရုတ်-မြန်မာနယ်စပ်ရှိ မန်ဟိုင်းလမ်းကြောင်းမှတစ်ဆင့် ကုန်စည်ပို့ဆောင်ရေးပမာဏမှာ တန်ချိန် တစ်သိန်း ကျော်ရှိခဲ့

2023-02-02 15:25:57
အရင်းအမြစ်:芒市融媒体中心

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရာသီပေါ် ပြည်ပထွက်ကြံများ တင်သွင်းရောင်းချခြင်းလုပ်ငန်း စတင် ဆောင်ရွက်သည့်အချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ်ရှိ မန်ဟိုင်း လမ်းကြောင်းမှတစ်ဆင့် ကုန်စည်ပို့ဆောင်ရေးပမာဏမှာ တန်ချိန် တစ်သိန်းကျော်ရှိပြီး ယခင်နှစ် ကုန်စည်ပို့ဆောင်မှု စုစုပေါင်းပမာဏ၏ ၃၀ ရာခိုင်နှုန်း ကျော်လွန်ကြောင်း ယူနန်ပြည်နယ် ဝမ်တိန် လူဝင်ကြီးကြပ်မှု နယ်စပ်စစ်ဆေးရေးစခန်း မန်ဟိုင်းစစ်ဆေးရေးစခန်းခွဲမှ သတင်းအရ သိရပါသည်။

မန်ဟိုင်းလမ်းကြောင်းသည် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် တည်ရှိပြီး မန်စီမြို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသနှင့် ချိတ်ဆက်ပြီး အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများသို့ ဆက်သွယ်ထားသော အရေးပါသည့် လမ်းကြောင်းဖြစ်သည်။၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ရာသီပေါ် ပြည်ပထွက်ကြံများ တင်သွင်းရောင်းချခြင်းလုပ်ငန်း စတင် ဆောင်ရွက်လာသည်နှင့်အမျှ ကျွန်တော်တို့သည် ဒေသခံအစိုးရ၊ အကောက်ခွန်ဌာန၊ ကျန်းမာရေးဌာနနှင့် လုပ်ငန်းအဖွဲ့များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကာ ပြည်ပထွက်ကြံများ တင်သွင်းရောင်းချခြင်းလုပ်ငန်း ဖော်ဆောင်ရန် တစိုက်မတ်မတ် အာမခံကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူက ပြောပါသည်။ (ဆောင်းပါးအရင်းအမြစ် - မန်စီမြို့ မီဒီယာစင်တာ ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာနယ်စပ်ရှိ မန်ဟိုင်းလမ်းကြောင်းမှတစ်ဆင့် ကုန်စည်ပို့ဆောင်ရေးပမာဏမှာ တန်ချိန် တစ်သိန်း ကျော်ရှိခဲ့