တတိယအကြိမ် CICPE ပြပွဲကို ဟိုင်နန်ပြည်နယ်တွင် ဧပြီလလယ်၌ ကျင်းပမည်
2023-02-03 13:57:12
အရင်းအမြစ်:新华社
တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးသူထုတ်ကုန်များ ကုန်စည်ပြပွဲ (CICPE) ကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်တွင် ဧပြီလလယ်၌ ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။
ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဟိုင်ခိုမြို့၌ ဧပြီ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ယင်းကုန်စည်ပြပွဲကို ဧပြီ ၁၅ ရက်အထိ ငါးရက်ကြာကျင်းပမည်ဖြစ်သည်။ ယခုနှစ်ကုန်စည်ပြပွဲ၏ စုစုပေါင်း ဧရိယာမှာ စတုရန်းမီတာ ၁၀၀,၀၀၀ အထိရှိမည်ဖြစ်ကာ နိုင်ငံတကာ ပြခန်းဧရိယာက စတုရန်းမီတာ ၈၀,၀၀၀ ရှိမည်ဖြစ်သည်။ (Xinhua)