တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ အလုံးစုံအခြေအနေမှာ ကူးစက်မှု နိမ့်ကျသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်

2023-02-03 14:45:46
အရင်းအမြစ်:央视新闻

တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ "Category B disease" အစီအမံများ တရားဝင် ဆောင်ရွက်လာသည်နှင့်အညီ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ အလုံးစုံအခြေအနေမှာ ကူးစက်မှု နိမ့်ကျသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဒေသအသီးသီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေမှာ တည်ငြိမ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ မီဖုန်းက ပြောကြားခဲ့သည်။

ထို့အပြင် ကျေးလက်ဒေသများသည် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး၏ အရေးကြီးသည့် ဒေသအဖြစ် ရှိနေဆဲဖြစ်ပြီး ပြည်သူပြည်သားများ၏ ဆေးဘက်ဆိုင်ရာ သုံးစွဲမှုလိုအပ်ချက်များကို ဖြည့်စွက်ရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ အဝင်အထွက် ခရီးသည်များအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ စောင့်ကြည့်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုလမ်းကြောင်းနှင့် ဗိုင်းရပ်စ် ပြောင်းလဲမှုတို့ကို အင်တိုက်အားတိုက် လေ့လာထားရန် လိုအပ်ကြောင်း ဆက်လက် ပြောကြားသည်။
စောင့်ကြည့်မှုအချက်အလက်များအရ BA.5.2 နှင့် BF.7 သည် တရုတ်နိုင်ငံတွင် ယခုဖြစ်ပွားမှုအကျော့တွင် အဓိက ကပ်ရောဂါဖြစ်ဆဲဖြစ်ပြီး အခြားသော ထင်ရှားသော ဗိုင်းရပ်စ်မျိုးကွဲများကို ယခုအချိန်အထိ မတွေ့ရှိသေးကြောင်း သိရသည်။ (ဆောင်းပါးအရင်းအမြစ် - cctvnewscenter ။ ဘာသာပြန် - Yunnan gateway)

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ အလုံးစုံအခြေအနေမှာ ကူးစက်မှု နိမ့်ကျသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်