တရုတ်နိုင်ငံ၏ C919 ခရီးသည်တင်လေယာဉ်ကြီး စမ်းသပ်ပျံသန်းမှုလုပ်ငန်းစဉ်များပြီးနောက် ဆန်းရမြို့တွင် ဆင်းသက်

2023-02-10 11:41:35
အရင်းအမြစ်:新华社

တရုတ်နိုင်ငံထုတ် ပထမဆုံး ခရီးသည်တင်လေယာဉ်ကြီးဖြစ်သော C919 သည် စမ်းသပ်ပျံသန်းမှုလုပ်ငန်းစဉ်များပြီးနောက် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ Phoenix အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ခဲ့သည်။ကမ္ဘာ့ပထမဆုံး C919 လေယာဉ်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်က China Eastern Airlines လေကြောင်းလိုင်းထံ လွှဲပြောင်းပေးအပ်ပြီးနောက် စမ်းသပ်ပျံသန်းမှုလုပ်ငန်းစဉ် နာရီပေါင်း ၁၀၀ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်၌ စတင်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းစမ်းသပ်ပျံသန်းမှုလုပ်ငန်းစဉ်သည် C919 ၏ စီးပွားဖြစ်ပျံသန်းပြေးဆွဲမှုအပေါ် ယုံကြည်စိတ်ချမှုကို ပြီးပြည့်စုံစွာ အကဲဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ၏ C919 ခရီးသည်တင်လေယာဉ်ကြီး စမ်းသပ်ပျံသန်းမှုလုပ်ငန်းစဉ်များပြီးနောက် ဆန်းရမြို့တွင် ဆင်းသက်