ဝေဟင်စတော်ဘယ်ရီသီး (air strawberry)များ ဤကဲ့သို့စိုက်ပျိုးသည်
ယူနန်ပြည်နယ် ရွှမ်ဝေးမြို့ လင်းစိန်းလယ်ယာထုတ်လုပ်မှုဥယျာဥ်တွင် ဝေဟင်စတော်ဘယ်ရီသီးများ ရင့်မှည့်ပြီး စျေးကွက်တွင် ရောင်းချနေပြီဖြစ်သည်။ အနီရောင် စတော်ဘယ်ရီသီးများသည် ဝေဟင်စိုက်ခင်းများပေါ်တွင် ချိတ်ဆွဲလျက်ရှိကာ ၎င်းစတော်ဘယ်ရီသီးများကို ဆွတ်ခူးရန် ခရီးသွားများသည် ဝေဟင်စိုက်ခင်းများအကြား ဖြတ်သန်းသွားလာနေကြပါသည်။
“မြေဆီလွှာမဲ့ ဖန်လုံအိမ်တွေကို အသုံးပြုပြီး စိုက်ပျိုးထားတဲ့ စတော်ဘယ်ရီသီးတွေရဲ့ အရသာဟာ ချိုမြိန်ပါတယ်။ အခုအခါ စတုရန်းမီတာ ၃၀၀၀ ကျော် စိုက်ပျိုးထားပြီဖြစ်ပါတယ်”ဟု လင်းစိန်းလယ်ယာထုတ်လုပ်မှုဥယျာဥ်မှ တာဝန်ရှိသူ ချန်တယ့်ဟွေးက မိတ်ဆက်ပြောကြားပါသည်။
ဝေဟင်စတော်ဘယ်ရီသီးများ စိုက်ပျိုးရန် စမတ်စီမံခန့်ခွဲမှုစနစ်ကို လက်ခံကျင့်သုံးလျက်ရှိပါသည်။ ဝေဟင်စတော်ဘယ်ရီသီးများ၏ ချိုမြိန်မှု၊ အရသာနှင့် အထွက်နှုန်း ထိန်းသိမ်းနိုင်ရန် ဖန်လုံအိမ်အတွင်း အပူချိန်နှင့် စိုထိုင်းဆကို ထိန်းချုပ်ရန် အထူးဝန်ထမ်းများ လိုအပ်ပါသည်။ သမားရိုးကျ စိုက်ပျိုးရေးစီမံခန့်ခွဲမှုနှင့် နှိုင်းယှဉ်ပါက အလုပ်သည် ပို၍ သိမ်မွေ့ပါသည်။ (ဆောင်းပါးအရင်းအမြစ် - ရွှမ်ေဝးမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)