တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့အများအပြားသည် တူရကီနိုင်ငံ၏ ငလျင်ဒဏ်သင့်ဒေသသို့ အပြေးအလွှား သွားရောက်ကူညီခဲ့ကြ

2023-02-13 13:32:44
အရင်းအမြစ်:新华社

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တူရကီနိုင်ငံ၌ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ တရုတ်အစိုးရသည် ငလျင်ဒဏ်သင့်ဒေသများသို့ အရေးပေါ်အကူအညီများပေးရန် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီ ယန္တရားအား ချက်ချင်း စတင်ခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်းက China Southern Airlines လေယာဉ်သည် တရုတ်နိုင်ငံ အပြာရောင်ကောင်းကင် ကယ်ဆယ်ရေးအဖွဲ့ (BLUE SKY RESCUE, BSR)မှ အဖွဲ့ဝင် ၁၂၇ ဦးနှင့် ကီလိုဂရမ် ၃၉၀၀ ရှိသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တင်ဆောင်ကာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့သို့ တိုက်ရိုက်ပျံသန်းခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသကို အလျင်စလို သွားရောက်ကယ်ဆယ်ခဲ့ကြပါသည်။

BSR သည် တရုတ်နိုင်ငံ၏ အစိုးရမဟုတ်သော ပရော်ဖက်ရှင်နယ်နှင့် လွတ်လပ်သော ပြည်သူ့သက်သာချောင်ချိရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဘေးအန္တရာယ်နှင့် မတော်တဆမှုများကြောင့် ဖြစ်ပေါ်လာသော ပိုင်ဆိုင်မှုနှင့် အသက်ဆုံးရှုံးမှုများကို လျှော့ချရန် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆမှု ကယ်ဆယ်ရေးလုပ်ငန်းအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ရသည့် တာဝန်များ ထမ်းဆောင်ကြပါသည်။ ဤကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် အဖွဲ့၀င် ၁၂၇ ဦးအနက် အများစုသည် ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုများ ရရှိထားပြီး ငလျငကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြကာ အရေးပေါ်ကယ်ဆယ်ရေးတွင် ပေါများကြွယ်ဝသော အတွေ့အကြုံ ရှိကြောင်း BSR ၏ တည်ထောင်သူနှင့် တာဝန်ရှိသူ ကျန်းယုံက ပြောကြားခဲ့သည်။

BSR သည် တူရကီနိုင်ငံသို့ ရောက်ရှိပြီးနောက် ကယ်ဆယ်ရေးမစ်ရှင်များဆောင်ရွက်ရန် ဒေသဆိုင်ရာအစိုးရ၏ စုစည်းမှုအရ အခင်းဖြစ်ပွားရာနယ်မြေအတွင်းသို့ ဝင်ရောက်မည်ဖြစ်သည်။

အစောပိုင်းက ကျဲ့ကျန်းပြည်နယ်မှ Rams Rescue Team သည် တူရကီနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန၊ ကျဲ့ကျန်းနေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့အများအပြားသည် တူရကီနိုင်ငံ၏ ငလျင်ဒဏ်သင့်ဒေသသို့ အပြေးအလွှား သွားရောက်ကူညီခဲ့ကြ