တရုတ်နိုင်ငံ၏ SMEs လုပ်ငန်းများ ဇန်နဝါရီလအတွင်း ဆောင်ရွက်မှု တိုးတက်လာ
2023-02-17 20:00:56
အရင်းအမြစ်:新华社
တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တည်ငြိမ်စွာပြန်လည်ကောင်းမွန်လာသဖြင့် နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ၏ လုပ်ကိုင်ဆောင်ရွက်မှုများမှာ ဇန်နဝါရီလတွင် ပိုမိုတိုးတက်လာခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်အရ သိရသည်။SMEs လုပ်ငန်းပေါင်း ၃,၀၀၀ ကို စစ်တမ်းကောက်ယူထားမှုအပေါ် အခြေခံတွက်ချက်ထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းမှာ ယခင်လက ၈၈.၉ ရှိကာ အကျဘက်ရောက်ရှိနေမှုမှာ ပြန်လည်ပြောင်းလဲသွားခဲ့ကြောင်း တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအသင်းအရ သိရသည်။(Xinhua)