တရုတ်နိုင်ငံက နှစ်ပတ်လည် “အစည်းအဝေးကြီးနှစ်ခု” ၌ သတင်းရယူရန် သတင်းထောက်များ ဖိတ်ကြား

2023-02-17 20:02:32
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုလွှတ်တော်ဖြစ်သော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှင့် အမျိုးသားနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သည့် တရုတ် ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီတို့က မတ်လတွင် ကျင်းပမည့် နှစ်ပတ်လည်အစည်းအဝေးများ၌ သတင်းရယူရန် ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များကို ဖိတ်ကြားထားကြောင်း ဖေဖော်ဝါရီ ၁၆ ရက် တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၁၄ ကြိမ်မြောက် NPC ၏ ပထမဆုံးအစည်းအဝေးကို မတ် ၅ ရက်တွင် ဖွင့်လှစ်ရန် လျာထားပြီး ၁၄ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ၏ ပထမဆုံးအစည်းအဝေးကို မတ် ၄ ရက်၌ စတင်ရန်စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံက နှစ်ပတ်လည် “အစည်းအဝေးကြီးနှစ်ခု” ၌ သတင်းရယူရန် သတင်းထောက်များ ဖိတ်ကြား