တရုတ်-မြန်မာနယ်စပ်ရှိ မန်မန်းလမ်းကြောင်းကို ယူနန်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လမ်းမကြီးအဖြစ် တည်ဆောက်သွားမည်ဖြစ်

2023-02-22 16:11:06
အရင်းအမြစ်:云南日报

မကြာသေးမီက ဖရဲသီး၊ ကြံနှင့် ရေထွက်ကုန်စသည့် မြန်မာနိုင်ငံထွက်ကုန်များ တင်သွင်းမှု သေချာစေရန် ဝမ်တိန်နယ်စပ်ဂိတ်ရှိ မန်မန်းလမ်းကြောင်းသည် အကောက်ခွန်ရှင်းလင်းရေးနှင့် သယ်ယူပို့ဆောင်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး လတ်ဆတ်သော လယ်ယာထွက်ကုန်များအား မြန်ဆန်စွာ သယ်ယူပို့ဆောင်စေရန်အတွက် အစိမ်းရောင်လမ်းကြောင်းကို တည်ထောင်ထားပါသည်။ ယခုနှစ်အစပိုင်းမှစတင်၍ ကုန်စည်စီးဆင်းမှု တန်ချိန် ၇,၀၀၀ ကျော် ရှိပြီး နေ့စဉ် ဖြတ်သန်းသွားလာနေသည့် ယာဉ်အစီးရေ ၅၀၀ ခန့်ရှိသည်။

လက်ရှိအချိန်တွင် ဝမ်တိန်နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ စပါးတင်သွင်းမှု ပထမအသုတ်သတ်မှတ်ထားသော နယ်စပ်ဂိတ်၊ ယူနန်ပြည်နယ်၏ အအေးခန်းထုတ်ကုန်များ တင်သွင်းမှု သတ်မှတ်ထားသော တစ်ခုတည်းသော နယ်စပ်ဂိတ်နှင့် ယူနန်ပြည်နယ်၏ ပထမဆုံး စားသုံးနိုင်သော ရေနေတိရစ္ဆာန်များ တင်သွင်းမှု ကုန်းတွင်းနယ်စပ်ဂိတ်လည်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဝမ်တိန်နယ်စပ်ဂိတ်သည် တရုတ်ဆေးဖက်ဝင်အပင်များ တင်သွင်းမှု နယ်စပ်ဂိတ် တိုးချဲ့တည်ဆောက်ရန်အတွက် အရည်အချင်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။ မန်မန်းလမ်းကြောင်းသည် ယူနန်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လမ်းမကြီးအဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။ ၎င်း၏ တည်နေရာနှင့် မူဝါဒဆိုင်ရာ အားသာချက်များကို အမှီပြုကာ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာနယ်စပ်ရှိ မန်မန်းလမ်းကြောင်းကို ယူနန်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လမ်းမကြီးအဖြစ် တည်ဆောက်သွားမည်ဖြစ်