တရုတ်နိုင်ငံ၏ ပထမအသုတ် မူးယစ်ဆေးဝါး နှိမ်နင်းရေးရှဉ့်များသည် လုပ်ငန်းခွင် ဝင်ရောက်ရန် အသင့်ဖြစ်နေပြီဖြစ်

2023-02-27 19:22:34
အရင်းအမြစ်:人民日报、新浪财经

မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲခွေးများအား ကြားဖူးကြမည်ဖြစ်ပါသည်။ သို့သော်လည်း “မူးယစ်ဆေးဝါး နှိမ်နင်းရေးရှဉ့်" ဆိုသည်ကို ကြားဖူးပါသလား။ ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ဟော်ချွမ်ဇုန်ပြည်သူ့လုံခြုံရေးဌာန မှုခင်းရဲတပ်ဖွဲ့ခွဲ၏ ရဲခွေးတပ်ဖွဲ့သည် တရုတ်နိုင်ငံ၏ ပထမအသုတ် မူးယစ်ဆေးဝါး နှိမ်နင်းရေးရှဉ့် ၆ ကောင်ကို အောင်မြင်စွာ လေ့ကျင့်ခဲ့ပါသည်။ သက်ဆိုင်ရာ သိပ္ပံသုတေသနအဖွဲ့အစည်းများမှ အသိအမှတ်ပြုချက်များ ရရှိထားပါသည်။

မူးယစ်နှိမ်နင်းရေးရဲခွေးများနှင့်မတူဘဲ ရှဥ့်များသည် သေးငယ်ပြီး သွက်လက်သည်။ အဆိုပါရှဉ့်များသည် ပတ်ဝန်းကျင်ရှုပ်ထွေးသည့် ကုန်စည်ပို့ဆောင်ရေး ဂိုဒေါင်များနှင့် ချောပို့ဂိတ်စသည့် နေရာများကို စူးစမ်းရှာဖွေရန် သို့မဟုတ် မြင့်မားသောနေရာများတွင် မူးယစ်ဆေးဝါး စူးစမ်း ရှာဖွေရန်အတွက် သင့်လျော်သည်။ လေ့ကျင့်ပြီးနောက် ရှဉ့်များသည် မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိပြီးနောက် ကုတ်ခြစ်ခြင်းဖြင့် မူးယစ်ဆေးဝါးများရှိနိုင်ကြောင်း သင်တန်းဆရာအား ပြောပြလိမ့်မည်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - ပြည်သူ့နေ့စဥ်သတင်းစာ၊ Sina Finance။ ဘာသာပြန် - Yunnan gateway)

တရုတ်နိုင်ငံ၏ ပထမအသုတ် မူးယစ်ဆေးဝါး နှိမ်နင်းရေးရှဉ့်များသည် လုပ်ငန်းခွင် ဝင်ရောက်ရန် အသင့်ဖြစ်နေပြီဖြစ်