တရုတ်-မြန်မာနယ်စပ်မှ "ရေသူမ"မိန်းကလေးသည် အာဝါစန်းမှ တရုတ်နိုင်ငံတစ်ဝှမ်းသို့ ကူးခတ်ရောက်ရှိနေ
"ကျားလင်ဆိုက်(Jia Lin Sai)" သီချင်းနှင့်အတူ "ဝ" လူမျိုးတို့၏ ယဥ်ကျေးမှုအငွေ့အသက်များ ပါရှိသော ဝတ်စုံကို ဝတ်ဆင်ထားသော "ရေသူမ"သည် အမြီးကို အားပါးတရ လှုပ်ခတ်သွားပါသည်။ အပြာရောင်ပင်လယ်ရေတွင် ရေမြင်းတစ်ကောင်ကဲ့သို့ ရေထဲ လွန်းပျံနေသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်-မြန်မာနယ်စပ်ရှိ လင်ချန်းမြို့မှ မိန်းကလေး ရန်းလူသည် ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ "ရေသူမ"အဖွင့်ပြိုင်ပွဲ စန်းရပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်ခဲ့ပါသည်။
"မိန်းကလေးတိုင်းဟာ ရေသူမဖြစ်ချင်တဲ့ အိပ်မက် ကိုယ်စီရှိကြပါတယ်။ ဆန်းသစ်တဲ့ ရေသူမအားကစားလှုပ်ရှားမှုမှာ ကျွန်မက ကိုယ်ရဲ့အိပ်မက်ကို ဖော်ဆောင်ခဲ့ပါတယ်"ဟု ရန်းလူက ပြောဆိုပါသည်။ အဆိုပါပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်ခဲ့ရခြင်းဖြင့် မိမိကိုယ်မိမိ စိန်ခေါ်ရန်၊ ကျွန်မ၏ မွေးရပ်မြေကို မိတ်ဆက်ပေးရန်နှင့် ယူနန်ပြည်နယ်၏ နယ်စပ်ဒေသမှ အားကစားယဉ်ကျေးမှု ထွန်းကားရာတွင် ရေသူမအားကစားလှုပ်ရှားမှုသည် အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လာစေနိုင်ရန် ရည်ရွယ်ထားကြောင်း ရန်းလူက ဆက်လက် ပြောဆိုပါသည်။
၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ "ရေသူမ"အဖွင့်ပြိုင်ပွဲ စန်းရပြိုင်ပွဲ၏ ပြိုင်ဆိုင်မှု လိုအပ်ချက်များအရ ဖျော်ဖြေ တင်ဆက်မှုတစ်ခုစီတွင် အဓိကခေါင်းစဥ် ရှိရန် လိုအပ်ပါသည်။ လေးလေးနက်နက် စဉ်းစားပြီးနောက် ရန်းလူသည် ရဲရင့်ပြတ်သားသော အကြံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ကျွန်မရဲ့ မွေးရပ်မြေ လင်ချန်းမြို့မှာ အထူးခြားဆုံးအချက်ဟာ ကျွန်မတို့ရဲ့ ဝ ယဉ်ကျေးမှုဖြစ်ပါတယ်။ ရေသူမဖျော်ဖြေတင်ဆက်မှုမှာ ကျွန်မတို့၏ ဝ ယဉ်ကျေးမှုကို ပေါင်းစပ် လိုက်ရင် အလွန်ကြီးမားတဲ့ မီးမောင်းထိုးပြမှုတစ်ခု ဖြစ်လာလိမ့်မယ်"ဟု သူမက ပြောပါသည်။
နောက်ဆုံးတွင် ပထမအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရန်းလူသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ တတိယဆု ရရှိခဲ့သည်။ သူမသည် ရေသူမအားကစားလှုပ်ရှားမှုကို ချစ်မြတ်နိုးသဖြင့် လင်ချန်းမြို့သို့ ပြန်လာပြီး ကိုယ်ပိုင် ရေသူမရေငုပ်ကလပ်တစ်ခုကို တည်ထောင်ခဲ့သည်။ လက်ရှိတွင် ကျောင်းသူကျောင်းသား ၈၀ ကျော်သည် ၎င်းကလပ်သို့ ဝင်ရောက်လာခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - လင်ချန်းမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)