ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ၏ ပူးပေါင်းတိုးတက်မှုက ဖွံ့ဖြိုးတိုးတက်ရေးမောင်းနှင်မှုအသစ်ဖြစ်စေ

2023-02-28 20:23:24
အရင်းအမြစ်:新华社

တရုတ်နိုင်ငံက ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသဆိုင်ရာ အစုအဖွဲ့မြို့ တည်ဆောက်ရေး အဓိကကျသော မဟာဗျူဟာ ချမှတ်ဆောင်ရွက်ပြီး ၉ နှစ်အကြာ မြို့တော် ပေကျင်းနှင့် အနီးဝန်းကျင်ဒေသများ ပူးပေါင်းတိုးတက်မှုသည် ယခုအခါ အားအင်ပြည့် လည်ပတ်နေပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားသစ်အဖြစ်ရောက်ရှိလာခဲ့သည်။

ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ ၂၀၂၂ ခုနှစ်တွင် ယွမ် ၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံခန့်) ရှိခဲ့ပြီး လက်ရှိနှုန်းထားပမာဏနှင့် တွက်ချက်ပါက ၂၀၁၃ ခုနှစ်ကထက် ၁.၈ ဆ တိုးတက်လာခြင်းဖြစ်ကြောင်း ပေကျင်းမြို့တော်စာရင်းအင်းဗျူရိုမှ ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ (Xinhua)

ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ၏ ပူးပေါင်းတိုးတက်မှုက ဖွံ့ဖြိုးတိုးတက်ရေးမောင်းနှင်မှုအသစ်ဖြစ်စေ