ဖရဲသီးအထွက်နှုန်း ၁၄၃.၁ % တိုးလာစေသည့် လျှို့ဝှက်ချက်ကို ဤဘူးသီးပျိုးပင်ငယ်တွင် ဝှက်ထားသည်

2023-03-01 18:36:11
အရင်းအမြစ်:农林卫视、河南农村广播

 

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့ ချိုက်တျန်ဇုန်သည် နာမည်ကျော်ကြားသော ဖရဲသီးများ စိုက်ပျိုးရာ ဒေသဖြစ်သည်။ ဤနေရာတွင် ဖရဲသီးပျိုးပင်များကို အထူးပြု၍ ပျိုးထောင်ပေးသည့် ပျိုးစက်ရုံတစ်ခုရှိသည်။ ပျိုးပင်များ ဖန်လုံအိမ်ထဲသို့ လျှောက်သွားရင်း ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ ပျိုးခင်းတန်းများ၌ သန်မာသော ဖရဲသီးပျိုးပင်များနှင့် ပြည့်နှက်နေသည်။ မတ်လတွင် စိုက်ခင်းများတွင် ပြောင်းရွှေ့စိုက်ပျိုးခြင်းအတွက် ပြင်ဆင်ရန် အလုပ်သမားများသည် ဖရဲသီးပျိုးပင်များနှင့် ဘူးသီးပျိုးပင်များကို ကိုင်းကူးကိုင်းဆက်စိုက်ပျိုးခြင်းဖြင့် အလုပ်များနေပါသည်။

ဖရဲသီးပျိုးပင်များကို မြေကြီးထဲသို့ တိုက်ရိုက်မစိုက်ဘဲ အဘယ်ကြောင့် အပင်ဆက်သွင်းပြီး စိုက်ရသနည်း။ အကိုင်းခတ် ပြောင်းလဲပြီး ရှင်သန်စေသည့် "ကိုင်းကူးကိုင်းဆက်" နည်းပညာဖြင့် ဖရဲသီးပျိုးပင်များကို ကောင်းမွန်စွာ ရှင်သန်နိုင်သည့် ဘူးသီးပျိုးပင်များနှင့် ဆက်သွင်းစိုက်ပျိုးသည်မှာ ရောဂါများကို လျှော့ချရုံသာမက သီးနှံအထွက်နှုန်း ကိုလည်း တိုးမြှင့်စေနိုင်ကြောင်း ဝူဟန်မြို့ လယ်ယာစိုက်ပျိုးရေးအကယ်ဒမီမှ အကြီးတန်းစိုက်ပျိုးရေး ပညာရှင် လီအိုက်ချိန်က ရှင်းပြခဲ့သည်။

“ကိုင်းကူးဆက်တဲ့ ပျိုးပင်တွေဟာ ဖရဲစိုက်ခင်းတွေမှာ ထပ်ခါတလဲလဲ စိုက်ပျိုးခြင်းပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်။ ရောဂါဒဏ်ခံနိုင်ရည် ရှိပါတယ်။ ရှင်သန်မှုနှုန်းနဲ့ အထွက်နှုန်းတို့ဟာလည်း မြင့်မားပါတယ်”ဟု လီအိုက်ချိန်က ပြောကြားပါသည်။ ပျိုးပင်များ ကိုင်းကူးဆက်စိုက်ပျိုးသည့် ဖရဲသီး၏ ဆားခံနိုင်ရည်၊ အက်စစ်ခံနိုင်ရည်၊ အအေးဒဏ်ခံနိုင်ရည်နှင့် မိုးခေါင်ရေရှားမှု ခံနိုင်ရည်တို့သည် ရိုးရိုးဖရဲသီးများထက် ပိုမို အားကောင်းပါသည်။ ထို့အပြင် ဖရဲသီးကြီးထွားချိန်ကို တိုစေနိုင်သကဲ့သို့ ရိတ်သိမ်းချိန်ကို ရှည်စေနိုင်ပါသည်၊။ စိုက်ပျိုးရရှိသည့် ဖရဲသီးသည် ချိုမြိန်ပြီး အရည်ရွှမ်းပါသည်။ (ဆောင်းပါးအရင်းအမြစ် - FM107.4၊ Shaanxi Agroforestry Satellite TV။ ဘာသာပြန် - Yunnan gateway)

ဖရဲသီးအထွက်နှုန်း ၁၄၃.၁ % တိုးလာစေသည့် လျှို့ဝှက်ချက်ကို ဤဘူးသီးပျိုးပင်ငယ်တွင် ဝှက်ထားသည်