အကြိမ်(၂၀)မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကျင်းပ

2023-03-02 19:43:16
အရင်းအမြစ်:国际在线

အကြိမ်(၂၀)မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကိုဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိဘေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင်၁၄ ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးသို့ အဆိုပြု တင်သွင်းရန် နိုင်ငံတော်လုပ်ငန်းဌာနများမှ ခေါင်းဆောင်များအမည်စာရင်းနှင့် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီပထမအကြိမ် အစည်းအဝေးသို့ အဆိုပြု တင်သွင်းရန် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီမှ ခေါင်းဆောင်များအမည်စာရင်းကိုစိစစ်အတည်ပြုခဲ့ပါသည်။ ယင်းအမည်စာရင်းနှစ်ခုသည် ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့က အကြံဉာဏ်ကောင်းများစွာကိုစုစည်းပြီးအကြိမ်ကြိမ်အဖန်ဖန် လေ့လာတိုင်ပင်ဆွေးနွေး ပြီးသည့်အပေါ် အခြေခံပြီးတင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကိုလည်းစိစစ်အတည်ပြုခဲ့ပါသည်။

ထို့ပြင် ယခုအကြိမ် အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ ရည်မှန်းချက်အကြောင်းအရာများ၊ယခုနှစ် စီးပွားရေး၊လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အရပ်ရပ်တို့ကိုကြိုးပမ်းအကောင်အထည်ဖေါ်ဆောင်ရေးနှင့်ပတ်သက်၍လည်းစီမံခန့်ခွဲခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

အကြိမ်(၂၀)မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကျင်းပ