ပိုးမွှားများကို အင်းဆက်ပိုးများဖြင့် ကာကွယ်ထိန်းချုပ်ခြင်းဖြင့် မြစိမ်းရောင် လယ်ယာစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြု

2023-03-02 19:45:58
အရင်းအမြစ်:国际在线

နွေဦးထွန်ယက်ရာသီချိန်တွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် Zunyi မြို့ Fenggang ခရိုင်ရှိ သဘာဝရန်သူ အင်းဆက်ပိုး မျိုးပွားရေးစင်တာသည် ဇီဝကာကွယ် ထိန်းချုပ်ရေးနည်းလမ်းကို အသုံးပြုပြီး ပိုးမွှားများ၏ သဘာဝရန်သူများကို မွေးမြူကာ ပိုးမွှားများကို အင်းဆက်ပိုးများဖြင့် ကာကွယ်ထိန်းချုပ်၍ လယ်ယာစိုက်ပျိုးရေးကို အထောက်အကူပြုပါသည်။ သဘာဝရန်သူ အင်းဆက်ပိုးမျိုးပွားရေးစင်တာကို ၂၀၁၇ခုနှစ်က စတင်ဖွဲ့စည်းတည်ထောင်ပြီး “မြစိမ်းရောင်ကာကွယ်ထိန်းချုပ်ရေး၊ ဇီဝကာကွယ်ထိန်းချုပ်ရေးနှင့် ပိုးမွှားများကို အင်းဆက်ပိုးများဖြင့် ကာကွယ် ထိန်းချုပ်ရေး” အတွက် ရည်ရွယ်ချက်ထားပြီး သုတေသနရလဒ်များကို လက်ဖက်၊ ပြောင်းနှင့် ဟင်းသီးဟင်းရွက်စသည့် လယ်ယာထွက်ကုန်များတွင် အသုံးပြုလျက်ရှိ ပါသည်။ ယင်းစင်တာသည် ယူနန်၊ ဟူနန်နှင့် စိချွမ်းစသည့်ဒေသများ၏ ဇီဝကာကွယ် ထိန်းချုပ်မှုလုပ်ငန်းကို အကူအညီပေးခဲ့ပါသည်။ သိပ္ပံနည်းကျကျ တောထဲတွင် အင်းဆက်ပိုးများ လွှတ်ခြင်းဖြင့် လယ်ယာကွင်းရှိ ပိုးမွှားများကို ကောင်းမွန်စွာ ထိန်းချုပ်ပြီး အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်လာစေခဲ့ပါသည်။

ပိုးမွှားများကို အင်းဆက်ပိုးများဖြင့် ကာကွယ်ထိန်းချုပ်ခြင်းဖြင့် မြစိမ်းရောင် လယ်ယာစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြု