တရုတ်နိုင်ငံက နေထိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု စဉ်ဆက်မပြတ်တိုးတက်မှုရှိရန် မျှော်မှန်းထား

2023-03-06 16:06:40
အရင်းအမြစ်:新华社

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း နေထိုင်မှုမှ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများအထိ စဉ်ဆက်မပြတ် တိုးတက်မှုများ ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု အမျိုးသားဥပဒေပြုလွှတ်တော်သို့ မတ် ၅ ရက်က တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် နေထိုင်ရေးပံ့ပိုးမှုစနစ် တိုးတက်မှုရှိစေရန်၊ ပြည်သူများအနေဖြင့် ၎င်းတို့၏ ပထမဆုံးနေအိမ်များ ဝယ်ယူခြင်း သို့မဟုတ် ၎င်းတို့၏ နေထိုင်မှုအခြေအနေ အဆင့်မြှင့်တင်ခြင်းအတွက် ပံ့ပိုးပေးရန်နှင့် မြို့ပြနေထိုင်သူအသစ်များနှင့် လူငယ်များ၏ နေထိုင်မှုပြဿနာများကို အဖြေရှာရေး ကူညီရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံက နေထိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု စဉ်ဆက်မပြတ်တိုးတက်မှုရှိရန် မျှော်မှန်းထား