တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၊ ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး ဝမ်နင်းသည် ဧည့်သည်များအား ယူနန်ပြည်နယ်တွင် နေထိုင်မှုဘဝ လာရောက်လေ့လာခံစားနိုင်ရန် ကြိုဆိုလျက်ရှိ

2023-03-08 09:56:44
အရင်းအမြစ်:人民网

ယူနန်ပြည်နယ်သည် ကဗျာဆန်သော နေရာဖြစ်သကဲ့သို့ အိပ်မက်များနှင့် ပြည့်နှက်သော မွေးရပ်မြေနေရာလည်း ဖြစ်ပါသည်။ ဤနေရာတွင် အာရှဆင်များသည် မြောက်ဘက်သို့ ခရီးသွားကာ တောင်ဘက်သို့ ပြန်ရောက်သည့် နွေးထွေးသော ခရီးစဥ်ရှိသကဲ့သို့ ပင်လယ်ပြင်ကို ဖြတ်ကျော်၍ နှုတ်ခမ်းနီစင်ရော်များသည် နွေဦးမြို့တော် ကူမင်းနှင့် ချိန်းတွေ့ပွဲလည်းရှိပါသည်။ စစ်ဆောင်ပန်းနား၌ အပူပိုင်းမိုးသစ်တောအလှတရား၊ ချန်းစန်းတောင် အလ်ဟိုင်ရေကန်၏ အလှတရားနှင့် လူကူးရေကန်၌ မိုးရွာပြီးနောက် ရာသီသာယာလာသည့် ရှုခင်းအလှတရားများကို ရှုစားနိုင်ပါသည်။ လာအိုနိုင်ငံသို့ နေ့ချင်းရောက် ပြေးဆွဲသွားလာသော“လန်ချန်း-မဲခေါင် မြန်နှုန်းမြင့်ရထား”ကို စီးနင်းနိုင်ပါသည်။ ၎င်းသည် ယူနန်ပြည်နယ်က သီးသန့်ရှိသည့် ထူးခြားသော အံ့အားသင့်ဖွယ်ရာများ ဖြစ်ပါသည်။

ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်မှ "ယူနန်ပြည်နယ်ခရီးသွားလုပ်ငန်းဟူသော ရွှေဆိုင်းဘုတ်ကို ထိန်းသိမ်းကာကွယ်ရန်" အရေးကြီးသော ညွှန်ကြားချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အင်တာနက်သုံးစွဲသူ များမှ အာရုံစိုက်သည့် ကိစ္စများကို အလေးထားဆောင်ရွက်ရန် ယူနန်ပြည်နယ်သည် ခရီးသွားလုပ်ငန်းတော်လှန်ရေးကို နက်ရှိုင်းစွာ မြှင့်တင်ဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်း၏ စျေးကွက် စီမံခန့်ခွဲရန် စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ "မိုဘိုင်းလ်ဖုန်းတစ်လုံးဖြင့် ယူနန်ကို ခရီးသွားလည်ပတ်ခြင်း" ပလက်ဖောင်းသည် စမတ်ခရီးသွားလုပ်ငန်းအတွက် စံနမူနာတစ်ခု ဖြစ်လာခဲ့သည်။ ယူနန်ပြည်နယ်သည် ခရီးစဥ်များ၊ ခရီးသွားလုပ်ငန်းပုံစံများနှင့် လည်ပတ်မှုစနစ်ကို အဆက်မပြတ် ဆန်းသစ်တီထွင်ကာ ခရီးသွားလုပ်ငန်းနှင့် မျိုးစုံသော ထုတ်လုပ်မှုလုပ်ငန်း ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ကာ တစ်ခုတည်းသော လည်ပတ်ကြည့်ရှုခြင်းခရီးစဥ်မှ နက်ရှိုင်းသော အပန်းဖြေခရီးစဥ်သို့ ပြောင်းလဲသွားပါသည်။ ယခုတွင် ဖူအော်ပန်ဒါဥယျာဥ်သို့ သွားရောက်၍ သုတေသနလေ့လာမှုခရီးစဥ်ကို လက်တွေ့ခံစားမှုခရီးစဥ်၊ တယ့်ချင် စုန်းကျန့်မေလီစန်းကျူဟိုတယ်သို့ လည်ပတ်၍ နေထွက်ချိန်ကို စောင့်ဆိုင်းမှုခရီးစဥ်၊ ပေါင်စန်မြို့ရှိ “တရုတ်နိုင်ငံ နံပါတ် ၁ ကော်ဖီကျေးရွာ”ဖြစ်သည့် ရှင်းကျိုက်ကျေးရွာသို့ ကော်ဖီ မြည်းစမ်းသောက်သုံးခြင်းခရီးစဥ်၊ ယူနန်ပြည်နယ် တောင်ပိုင်းဒေသရှိ လင်အန်ရှေးဟောင်းမြို့သို့ ကျန့်ရွှေခရမ်းရောင် မြေအိုးတစ်လုံးကို ရှာဖွေဝယ်ယူခြင်း ခရီးစဥ်နှင့် နုကျန်းပြည်နယ်ခွဲ လောက်မူတိန်ကျေးရွာ၌ “တာ့ပီရအက” သွားရောက်ကခုန်ခြင်းခရီးစဥ်စသည့် ခရီးစဥ်များသည် ခရီးသွားလုပ်ငန်းတွင် ခေတ်ရေစီးကြောင်းအသစ်တစ်ခုဖြစ်လာပြီး အင်တာနက်အသုံးပြုသူများသည် ၎င်းကို "ယူနန်လို့ ခေါ်တဲ့ ဘဝတစ်ခုရှိတယ်"ဟု ချီးကျူးခေါ်ဆိုကြသည်။

တရုတ်နွေဦးပွဲတော်အတွင်း၌ တီဗီဇာတ်လမ်းတွဲ "လေဝင်လေထွက်ကောင်းသော နေရာ သွားကြစို့" သည် ယူနန်ပြည်နယ် ခရီးသွားလုပ်ငန်းကို ရေပန်းစားလာပြန်သည်။ "တရုတ်လူမျိုးတွေရဲ့ ထက်ဝက်လောက်က ယူနန်မှာ ရှိနေတယ်" ဟူသော သတင်းများသည် အင်တာနက်တွင် ထွက်ပေါ်လာပါသည်။ ခရီးသွားဧည့်သည်များသည် သယ်ဆောင်လာကြသည့် အားပေး ဂရုစိုက်မှုနှင့် တီထွင်ဖန်တီးနိုင်မှုကြောင့် ယူနန်ပြည်နယ် ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်နှင့် ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုနေပါသည်။

"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ဟု ဆိုသကဲ့သို့ ဧည့်သည်များအား ယူနန်ပြည်နယ်သို့ လာရောက်လည်ပတ် လက်တွေ့ခံစားရန် နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။ (ဆောင်းပါးအရင်းအမြစ် - People's Daily Online ။ ဘာသာပြန် - Yunnan gateway)

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၊ ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး ဝမ်နင်းသည် ဧည့်သည်များအား ယူနန်ပြည်နယ်တွင် နေထိုင်မှုဘဝ လာရောက်လေ့လာခံစားနိုင်ရန် ကြိုဆိုလျက်ရှိ