“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ တရုတ်-ဥရောပဆက်ဆံရေးသည် အခြားတတိယတစ်ဘက်ကို ဦးတည်ခြင်း၊ မှီခိုခြင်း၊ ကန့်သတ်ခံရခြင်း မရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြား

2023-03-09 13:42:49
အရင်းအမြစ်:新华社

တရုတ်-ဥရောပ ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် မေးမြန်းချက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မတ် ၇ ရက် အစည်းအဝေး နှစ်ရပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တရုတ်နှင့်ဥရောပသည် ယဉ်ကျေးမှုကြီးနှစ်ရပ်၊ ဈေးကွက်ကြီး နှစ်ရပ်၊ အင်အားစုကြီး နှစ်ရပ် ဖြစ်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ တရုတ်-ဥရောပ ဆက်ဆံရေးသည် နှစ်ဘက် အပြန်အလှန်ဖြစ်သော မဟာဗျူဟာ အကျိုးစီးပွားပေါ်တွင် အခြေခံ၍ အပြည့်အဝ လွတ်လပ်စွာ ရွေးချယ်ခြင်း ဖြစ်ရာ တရုတ်-ဥရောပဆက်ဆံရေးသည် အခြားတတိယတစ်ဘက်ကို ဦးတည်ခြင်း၊ မှီခိုခြင်း၊ ကန့်သတ်ခံရခြင်း မရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ပြောကြားခဲ့သည်။

အခြေအနေမည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် အစဉ်အမြဲရှုမြင်သွားမည် ဖြစ်ပြီး ဥရောပတိုက် တစ်သားတည်းအသွင်ပြောင်းရေးကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် ဥရောပသည် ယူကရိန်းစစ်မက်မီးလျှံ၏ အခက်အခဲများကို ကြုံတွေ့ရပြီးနောက် နာကျင်ဝမ်းနည်းဖွယ်ရာများကို ပြန်လည်သုံးသပ်ကာ စစ်မှန်သော မဟာဗျူဟာကိုယ်ပိုင်လွတ်လပ်မှု၊ ရေရှည်တည်ငြိမ်အေးချမ်းမှုကို အကောင်အထည် ဖော်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ဥရောပနှင့်အတူ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ ဆောင်ရွက်ကာ အပြန်အလှန်လေးစားခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း၊ အနှောက်အယှက်အခက်အခဲအမျိုးမျိုးကို ကျော်လွှားခြင်းဖြင့် တရုတ်-ဥရောပ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုပြီး အပြောင်းအလဲရှုပ်ထွေးမှုများဖြင့် ရောယှက်နေသော ကမ္ဘာကြီးအတွက် ပို၍တည်ငြိမ်မှု၊ သေချာမှုနှင့် အပြုသဘောစွမ်းအားများကို ထပ်လောင်းဖြည့်တင်းဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ပြောကြားခဲ့သည်။ (Xinhua)

“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ တရုတ်-ဥရောပဆက်ဆံရေးသည် အခြားတတိယတစ်ဘက်ကို ဦးတည်ခြင်း၊ မှီခိုခြင်း၊ ကန့်သတ်ခံရခြင်း မရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြား